အမုန်းကမ်းပါးမှာပျိုးတဲ့အချစ်လှိုင်း
အပိုင်း (7)"အခန်းထဲ ကို လိုက်ခဲ့ ၊ ကျွန်မ ရှင့် ကို စကား ပြောစရာ ရှိတယ်"
နှောင်းတခေတ် စကား ကြောင့် kitchen ဘေစင်မှာ ကော်ဖီ ခွက် ဆေး နေတဲ့ ဒေါ်မိုး လက်များ တုံ့ ခနဲ ဖြစ်သွား သည်။
ဒေါ်မိုး က ကြောင် ရပ်နေပြီး ဘာ မှ မတုံ့ ပြန် တာ ကြောင့် ....
"ဘာလဲ ...ကျွန်မ ဒီ မှာ ပြော ရမလား"
"ကျွန်မ... ကျွန်မ လိုက်ခဲ့ ပါ့မယ်"
ထို့သို့ဖြင့် ဒေါ်မိုး တစ်ယောက် ခပ်ကုပ်ကုပ် ဖြင့် နှောင်းတခေတ် ရှေ့ ခေါင်းငုံ့ ရပ် နေ လေသည်။
"ညဏ်ရှိတဲ့ လူ ဆို တာ နီး ရာ ဓား ကို ကြောက် တက်ရ တယ် တဲ့၊ ဒေါ်မိုး ရှင် ဘယ်သူ့ အတွက် အလုပ် လုပ်ပေး နေတယ် ဆို တာ ကျွန်မ သိတယ်"
"မ..မမလေး၊ ဟို ကျွန်မ.."
နှောင်းတခေတ် လက်ကလေး ကာ ပြီး တားလိုက်တယ်။
"ဘာကြောင့်၊ ဘယ်လို ကြောင့် ဆို တဲ့ ဆင်ခြေ တွေ နဲ့ ကျွန်မ ရှေ့ မှာ မျက်ရည်ခံ မထိုး နဲ့ ၊ သူတို့ ရှင့် ကို ထိန်းချုပ် နိုင်တယ် ဆို တာ ရှင် ကိုယ်တိုင် အမှား လုပ်ထားလို့ "
သနားစဖွယ် တမင် သေးငယ် ဟန် လုပ် ထားသည့် ဒေါ်မိုး မျက်နှာ ကွက်ခနဲ ပျက်သွားသည်။
"အခု ရှင့် အားနည်းချက် ကို ထိန်းချုပ် မဲ့ လူက ကျွန်မ ဘဲ ဒီတော့ အခု ကစ ပြီး၊ ရှင် က ကျွန်မ လူ ဖြစ် ရမယ်...ဘယ်လိုလဲ ၊ မဖြစ်ချင် ရင်လဲ ရတယ် နော်၊ ရှင် ဘယ်သူ လဲ၊ ဘာလဲ ဆို တာ ဖော်ထုတ်လိုက်ရုံ ဘဲ"
"မ..လုပ်၊ မလုပ် လိုက်ပါ နဲ့ မမလေး၊ ကျွန်မ လုပ်ပါ့မယ်၊ခုက စပြီး မမလေး ရဲ့ ခွေး တစ်ကောင် ဖြစ်ပေး ပါ့မယ်"
"ခွေး တစ်ကောင် ၊ အဟွန်း... အဲလောက် မလို ပါဘူး၊ ကျွန်မ က ခွေး တစ်ကောင် မလိုဘူး၊ လူ တစ်ယောက် ကို ဘဲ လို တာ "
"ဟုတ်ကဲ့၊ဘာဘဲ ဖြစ်ဖြစ် လုပ်ပါ့မယ်"
"ဒီလို ဘဲ ပြောမှာ ပေါ့၊ ရှင့် အားနည်းချက် က ကျွန်မ ဆီ မှာ ကိုး"
နှောင်းတခေတ် က ခပ်မဲ့မဲ့ ပြုံး ရင်း ဒေါ်မိုး ဆို တဲ့ အဒေါ်ကြီး ကို ငေး ကြည့်နေလိုက်တယ်။