Part 37

1.3K 53 11
                                    

အမုန်းကမ်းပါးမှာပျိုးတဲ့အချစ်လှိုင်း
အပိုင်း (37)

တောင်လေ က မြူးလို့ တောင်ဇလပ်ပန်း တို့ ရနံ့ က သင်း ကြူ နေ သည်။

မြို့တော်လမ်း မကြီးတစ်လျှောက် အရှေ့နန်းတော် အိမ်ရှေ့စံ မင်း သား ၏ လူသူ ဗိုလ်ပါ မြင်း သည်တော် များစစ်သည်ဗိုလ်ပါ များ ပါဝင်သော ယာဥ်တန်းရှည် ကြီးကို  မြင်နေ ရသည့်  နေပြည်တော် တစ်ဝှမ်းရှိပြည်သူများ မှာ မြေပြင်ပေါ် ဝပ်တွားကာ ဒူးထောက်အရိုအသေ ပေး နေကြသည်။

အိမ်ရှေ့စံ မင်း သား အဂ္ဂတေဇ ဟာ ရဲစွမ်းသတ္တိ၊ အကျင့်သီလ နဲ့ ပြည့်စုံသူ သေနဂ်ဗျူဟာ အရာမှာလည်း ကျွမ်းကျင် ပိုင်နိုင်သည့် မင်းသားမို့ ပြည်သူ များ ဆီက အားထား ချစ်ခင် လေးစားခြင်း ကို ခံရသူ ဖြစ်လေသည်။

သူတို့ အိမ်ရှေ့စံ မင်းသားလေး ရဲ့ ထိုကဲ့သို့ အပြစ်ပေးခံ ရခြင်း အပေါ် ပြည်သူ အများ စု စိတ်မကောင်း ဖြစ်ကြသလို၊ သနား နေကြသည့် အရိပ်အယောင်ကိုလည်း သူတို့ မျက်နှာ များ ပေါ်မှ အတိုင်းသား မြင်တွေ့ နေရလေသည်။

အရှေ့ဆုံး မြင်းဖြူ မှာ အဂ္ဂတေဇ ၏ မြင်းဖြူ ဖြစ်လေသည်။ ဘေး က ညာလက်ရုံး တပ်မှူး ဒီပ ၊ ဘယ်လက်ရုံး တပ်မှူး ဝိဇယ တို့ ၏ မြင်း ပြီး သည် နှင့် ကြင်ယာတော် အိမ်ရှေ့မိဖုရား ရှင်နှောင်း စီးနင်း လိုက်ပါ လာ သည့် မြင်းလှည်း ဝေါယာဥ် နှင့် ကပ်လျက် ကိုယ်ရံတော် တပ်မှူး ခန့်ညား ရဲ့ မြင်း ကပါရှိသည်။

ထို့နောက် လမ်းလျှောက် လိုက်ပါရသည့် ခုတ်တရ ဦးဆောင်သည့် အထိန်းတော် များ၊ ထို့နောက်က အိမ့်ရှေ့မင်း၏ ကိုယ်ရံတော် မြင်းသည်တော် အစောင့်များ နှင့် အယောက် 50 ခန့် ဝန်းရံ ထားသည့် ခြေလျှင် အစောင့် တပ်သား များ နဲ့ အတူ အရှေ့နန်းတော် မှ နန်းတော် ကို အလုပ်အကျွေး ပြု ရသည့် မင်းမှူထမ်း များ ပါသော တပ်ဖွဲ့ ကြီးသည် အနောက််နယ်စပ် ကို မနက်ခင်း လင်းစ မှာ ပင် ထွက်ခွါ လာ ခဲ့ ကြသည်။

သူတို့ ထွက်ခွါ ခဲ့ သည်မှာ နေ မွန်းတည့် ချိန်ပင်ကျော်လွန်ပြီး ညနေ သို့ရောက်လာ ခဲ့ ချေပြီ။

ဝီဇယ က ဒီပ ကို တစ်ချက်ကြည့်သည်။
ကိုယ်တော်လေး ကို နားဖို့ လျှောက်စေ လိုသည့် အကြည့် မျိုး၊
မိမိ အတွက် မဟုတ် အရှင်မ ကို နား စေ လို သည့်အတွက်ပင်။
ကြင်ယာတော်အရှင်မ ခင်ဗျာ နုနုနယ်နယ် လေး။

အမုန်းကမ်းပါးမှာ ပျိုးတဲ့ အချစ်လှိုင်းWhere stories live. Discover now