Part 31

711 45 10
                                    

အမုန်းကမ်းပါးမှာပျိုးတဲ့အချစ်လှိုင်း
အပိုင်း (31)

'ရှင်စောနှောင်း '

ရာမည တိုင်း ရဲ့ ပြည့်ရှင်မင်း သတိုးစော ရဲ့ သမီးတော် မင်းသမီး လေး ရှင်စောနှောင်း။

မင်းသမီး လေး ကို မွေးဖွား သည့် အချိန် ကတည်း က မင်းသမီး လေး ကို ထားရှိ ရာ အဆောင်တော် ထဲ အလှတရား ကို ခစား ရန်အလိုငှာ ငှက်ရောင်စုံ ကလေး များ နဲ့ လိပ်ပြာ ကလေး မြောက်များစွာ တဝဲလည်လည် ပျံ သန်း နေ ရသည်အထိ မင်းသမီး လေး ရဲ့ အလှ ကျက်သရေ ဟာ တင့်တယ်လှပြီး အရွယ်ရောက်လာ သည့် အခါ မြင်မြင်သမျှ ပုရိသ အပေါင်း ကို သိမ်းကြုံးဆွဲဆောင် နိုင်သည်အထိ တုနှိုင်းမဲ့ လှဧကရီ ဘွဲ့ ခံ မင်းသမီး လေး ရှင်စောနှောင်း။

သို့ဖြစ်လင့်ကစား ခမည်းတော် နဲ့ အကို တော်မှာ မင်းသမီး လေး အတွက် အပူလုံးကြွ ခဲ့ရသည်မှာ အရွယ်ရောက် အပျိုဖော် ဝင်စ ပြု ကတည်းက...။

တောင်းရမ်း လက်ထပ် လိုသည့် မင်းချင်း ယောကျ်ား တွေ၊ တိုင်း အသီး သီး မှ မင်းသမီး လေး ကို လက်ဆက် လိုသည့် ပြည့်ရှင် မင်းညီ မင်းသား အပေါင်း ကြောင့် စိတ် ဖိစီးနေ ရလေသည်။

မင်းသမီး လေး ၏ အသက်မှာ 19 နှစ် ပြည့်ရုံ သာ ရှိသေးသော်လည်း လက်ဆက် လို သည့် တိုင်း အသီးသီး မှ မင်းညီ မင်းသား များ ၏ လက်ဆောင်ပဏ္ဍာ များ မှာ ရာမည ပြည်နန်းတော် ကြီး တွင် လွန်စွာ မြား ပြား နေခဲ့ချေပြီ။

ဒီ တိုင်းပြည် ကို လက်ခံ လိုက်လျှင် နောက်တိုင်းပြည် နဲ့ မျက်နှာ ပျက် ရမယ်။

အကိုတော် ဖြစ်သူ အိမ်ရှေ့မင်းသား ဗညားစော မှာ နှမ ကြောင့် ခေါင်းပူ နေရပြီ။

လက်ရှိ တစ်ခေတ် ထဲ ပေါ်ထွန်း နေတဲ့ နယ်ကြီး 7နယ် ရှိသည်။ ဓညဝတီ၊ ရာမည၊ တမ္ပဒီပ ၊ မောရဝတီ၊ ကေတုမတီ၊ သာဂရဝတီ ၊ နဲ့ ကန္တာရဝတီ အနက် ။

မိမိ တို့ ထက် သာလွန်သည့် အင်အား နဲ့ ရှိနေကြသည့် နယ်ကြီး 3နယ် မှာ၊ ဓညဝတီ(ရခိုင်)၊ တမ္ပဒီပ (ပုဂံ)နဲ့ မောရဝတီ (ရှမ်း) မှ စေလွှတ် လိုက်သည့် တမာန် တော် များမှာ နန်းမြို့တော် တွင် ရောက်ရှိ နေ ကြပြီ ဖြစ်သည်။

အမုန်းကမ်းပါးမှာ ပျိုးတဲ့ အချစ်လှိုင်းWhere stories live. Discover now