Part 15

1K 47 8
                                    

အမုန်းကမ်းပါးမှာပျိုးတဲ့ အချစ်လှိုင်း
အပိုင်း (15)

နှောင်းတစ်ခေတ် တကယ့် အလကား မိန်းမ။
သူ့ ဘဝ ကို ကမောက်ကမ တွေ ကြီး လုပ် ဖို့ ဘဝထဲ ဝင်လာတာ။

တေဇဘုန်းပြည့် လည်း ဒေါသထွက်ထွက် နဲ့ နောက်ဆုံး တော့ အင်းယား လိပ် ထဲက ထိုင်နေကြ bar ကိုဘဲရောက်လာပါတယ်။

"ဟာ.. ဆရာ ဘာသောက်မလဲ "

"ပြင်း တာ သာ ပေး ကွာ"

"Ok အာစိ၊ ရစေရမယ်ဗျာ"

Bar man လေး က ထုံးစံ အတိုင်း အားရွှင် နေတာ ကို ပင် သူ့ စိတ်ထဲ ဆွဲထိုး ပစ်ချင် နေမိသည်။
မျက်တောင် နီ နဲ့ တစ်ချက်ကောက်ကြည့်လိုက်တော့ ကောင်လေး ငြိမ်ကျ တိတ်ဆိတ် သွားသည်။

"မင်းတို့ ဘား ကို ငါ မပြန်မချင်း ငှား တယ်... ကြိုက်သလောက် တောင်းစမ်း ဟေ့ကောင်တွေ၊ အေး..ဒါပေမဲ့ ဘယ်ကောင်မှ ထပ် လက်မခံ နဲ့တော့၊အေး...ငါ...သောက် အာရုံ နောက်လာရင် တစ်ဆိုင်လုံး ရိုက်ခွဲ ပစ်မှာ"

"အာ...စိတ်ချ ဆရာ ခုဘဲ ပိတ်လိုက်ပါ့ မယ် ဗျ"

"ဟေ့ကောင်... ဘာတွေ ဖြစ်နေတာလဲ ၊ ဘာလဲ နှောင်းတခေတ် နဲ့ ရန်ဖြစ်လာ တာလား"

ကောင်းကြီး က သူ ph ဆက် ခေါ်လိုက်တာ မို့ ရောက်လာ ပြီး ပုခုံး ကို တစ် ချက် ပုတ် ကာ ဘေး မှာ ဝင်ထိုင်သည်။

"ီး ကို ရန်ဖြစ်ရမလား၊ ဘာ မှ မဖြစ်ဘူး၊ ဘာမှ ရှေ့ ဆက် ဖြစ်စရာ လည်း မရှိဘူး"

"ဟာ့ ... မုန်တိုင်း က ပြင်းလှချည်လား ကွ၊ လေနီကြမ်း ပါ တိုက် နေပြီလား"

"တောက်... အလကား မိန်းမ၊ငါ့ စေတနာ ၊ ငါ့ မေတ္တာ နဲ့ ီးမှ မတန်ဘူး "

"ဟိတ်ကောင်၊ ဟာ ... လက်တစ်ဖက်လုံး လည်း ရစရာ ကို မရှိပါလား ကွာ၊ ပြည့်ကြီး... မင်း က မင်း နဲ့ ကို မတူ တော့ဘူး နော်"

"မတူဘူး ဟေ့ကောင်၊ မတူတော့ဘူး... ီး လို မိန်းမ ကို ယူလိုက်လို့ ီး လိုတွေ ဖြစ်ကုန်ပြီ"

ဟာ... ဒီကောင်။
ဒီလောက် တစ်ဂုဏ်ထဲ ဂုဏ်၊ တစ် သိက္ခာထဲ သိက္ခာ နေတဲ့ ကောင်။
ကြည့်အုံး တစ်ညထဲ နဲ့ မူးကွဲ နေပြီး လူကလည်း တစ်သက်နဲ့ တစ်ကိုယ် မြင်ရခဲအောင် ဖိုသီဖတ်သီ နဲ့။ တေဇဘုန်းပြည့် ဆိုတာ ဘယ်လောက် အလုပ် ပင်ပန်း ပင်ပန်း ဘယ်နေရာမှာ တွေ့တွေ့ အီတလီ made အနောက်တိုင်း suit နဲ့၊ ဝတ်စုံပြည့်...suit ချွတ် ထား ရင်တောင် အောက်က ဝတ်ထား တဲ့ ရှပ်အကျီ က ဘောင်းဘီ အပြင်ထွက် နေတာ မျိုး က တစ်ကယ် မြင်ရခဲလွန်း တဲ့ ပုံစံပါ။
ပြီးတော့ မျက်ရည်တွေနဲ့....
နှောင်းတခေတ် ကို တကယ်ကြီး ချစ်သွား ပြီလား။
နှောင်းတခေတ်လည်း တကယ်မလွယ်ဘူး။
အင်း... နဂိုထဲက လှတဲ့ မိန်းကလေး၊ တွေက စီးချင်း ယှဥ် ထိုးသတ် မဲ့ ရန်သူ ထက် ကို ကြောက်စရာ ကောင်းကြတာဘဲ မလား။

အမုန်းကမ်းပါးမှာ ပျိုးတဲ့ အချစ်လှိုင်းWhere stories live. Discover now