Part 22

780 43 10
                                    

အမုန်းကမ်းပါးမှာပျိုးတဲ့အချစ်လှိုင်း
အပိုင်း (22)

အသား လေး တွေ နွေး နေလို့ ဂျင်းပြုတ်ရည် ကို တစ်ခွက် ကုန်အောင် သောက်ခိုင်း ရသည်။ထို့နောက်မွှေးပွ ဂွမ်း စောင် ကြီး နဲ့ ထွေး ပြီး နွေး နေ အောင် သူ့ မှာ ဖက် ထား ပေး သော် လည်း ည လည်ခေါင် ရောက်တာ နဲ့  အဖျား တွေ တက် လာ ပါတယ်။

အသား တွေ ပူ ကျက် နေ ကာ နှာသီးဖျား လေးတွေ နီ ရဲ နေ ခန္ဓာကိုယ် တစ်ခုလုံးတုန်တက် လာ တဲ့ အထိ အဖျား တွေ ကြီး လာ တော့ သူ့မှာ စိုးရိမ် ရကာ စိတ်တွေ ပူလာ ရပြန်ပါတယ်။

စိတ်က ပူ တော့ သူ့မှာ ယောက်ယက်တွေ ခတ် ။
ညလည်ခေါင် ကြီး မေနွဲ့ နဲ့ ကြီးကြီးလျာ ကို ပြေး နှိုး ၊ သဲစု နဲ့ ငုဝါ ကို ပြေးခေါ်ရနဲ့  တစ်အိမ်လုံး ဆူညံ ပွက်လောရိုက် သွား ရကာ သူကိုယ်တိုင် လည်း ဒေါင်ခါ တွေ ဆိုင်းလျက် ချာလည်ပတ်လည် ကို ရမ်း နေ ခဲ့ ပြီး။

ကြီးကြီးလျာ ကတော့ သူ အရမ်း ထိတ်ထိတ်ပြာပြာ ဖြစ်နေ တာ ကို သိပြီး အိပ်ချင်မူးတူး ထ လာ ပေး ရှာပါ တယ်။

"အပူ ကြီး ရင် ရေ ပတ် တိုက် ပေး လိုက် ပါလား"

ကြီးကြီးလျာ က ခြုံ သပတ် ကို ပုခုံး ပေါ် တင် လိုက်ပြီး သာမာန်ကာ လျှံကာ နှောင်း ရဲ့ နဖူး ကို စမ်း ကြည့် တယ်။

"အမလေး အပူ ကြီး လှ ချည်လားဟဲ့"

လာ စမ်း ကြည့် တဲ့ ကြီးကြီးလျာ လက်ပင် ဆတ်ခနဲ့ ရုတ် သွား ပြီး အိပ်ချင်မူးတူး ဖြစ်နေတဲ့ မျက်လုံး တွေ ပြူးကျယ် သွား တယ်။

"ဟုတ်တယ် ကြီးကြီးလျာ၊ ကျွန်တော် တော့ အရေးပေါ် emergency ပြေး မှ ထင်တယ် "

သူ့ အသံ က အလောကြီး နေပြီး ရင်ထဲက စိုးရိမ်စိတ် ကြောင့် ထူပူ နေ တယ်။

သွေးပျက် သလို ဖြစ်နေတာ ကြောင့် သူက ခြေမကိုင်မိ လက်မကိုင်မိ နဲ့ သေချာ မဆုံးဖြတ် နိုင်ဘဲ ပြာ နေတယ်။

"ကလေးမ ကို ရေခဲ ရည် နဲ့ ရေပတ် တိုက်ဖို့ အရင် လုပ်ကြပါ ဟဲ့ ၊ တော်ကြာ အပူ အရမ်း ကြီး ပြီး ရှော့ တွေ ဘာတွေ ဖြစ် သွား အုံး မယ်"

လူကမှ အစ ထဲက စိတ်ပူ နေပါ တယ်ဆို ကြီးကြီးလျာ ပြောလိုက်တဲ့ စကားက မီးလောက် နေတဲ့ အထဲ ဓာတ်ဆီ လောင်းထည့် လိုက်သလို ပါဘဲ။

အမုန်းကမ်းပါးမှာ ပျိုးတဲ့ အချစ်လှိုင်းWhere stories live. Discover now