Part 35

842 42 7
                                    

အမုန်းကမ်းပါးမှာပျိုးတဲ့အချစ်လှိုင်း
အပိုင်း (35)

"ကေတုမတီ ပြည့်ရှင် ၊ အဂ္ဂကျော်စွာ ဘုရင်မင်းမြတ် နှင့် မြယာမလီဒေဝီ တို့ ၏ သားတော် ဖြစ်သော ကျွန်ုပ် အဂ္ဂတေဇ သည် ရာမည ထီးရှင် နန်းရှင် မင်းမြတ် သတိုးစော နှင့် သက္ကလ ဒေဝီ မိဖုရား တို့၏ သမီး တော် ပင်တိုင်စံ ထိပ်ထား ဒေဝီ မင်းသမီး ရှင်စောနှောင်း အား ကြင်ရာ မိဖုရား အဖြစ် မြှောက်စား လိုက်သည်။ ကျွန်ုပ်၏ ကြင်ရာ မိဖုရား အား ဤမဂ်လာ ဘိသေက တွင် မဟာရှင်နှောင်းဒေဝီ ဟူသော ဘွဲ့အမည်ဖြင့် လည်း ချီးမြှောက် ပေးအပ်လိုက်သည်"

တစ်လုံးချင်း ပီပီသသ ရွတ်ဆို နေသော သူ့ အသံ အဆုံးတွင် ကျွန်မသည် ဧည့်ပရိသတ် ဘက် မျက်နှာ လှည့်ထား ရာမှ သူ့ ဘက်သို့ လှည့်၍ ကိုယ်ကို ညွှန့်ကိုင်းကာ ခေါင်း ငုံ့ပေး လိုက်ရသည်။ သူက အမွှေးရနံ့ ပေါင်းစုံ ဖြင့် ထုံမွှမ်း ထားသော ပန်းလည်ဆွဲ ကို ကျွန်မ လည်သို့ ဆွဲ ပေး လိုက်သည်။

ကျွန်မ အလှည့်၊ အထိန်းတော် မင်းမှူထမ်း တစ်ယောက် ယူ ဆောင်လာပေးသော စံပယ် ပန်းကုံး ကို သူ့ လည်တိုင် ဆွဲ ပေးလိုက်ရသည်။

အပြန်အလှန် ဆင်ယင် ပေး ရသည့် ဤ နှစ်ကုံး သော ပန်းကုံး များက သူနဲ့ ကျွန်မ ရေစက် ကြမ္မာ ကို ဆင့်ကဲ ဖန်တီး ပေး တော့မည်။

ဘီသေက မဂ်လာ တွင် ပင့်ဖိတ်ထား သည့် ရဟန်း တော်များ မှ မဂ်လာ ဦး အခါ တော် ကို ပေး လေသည်။

ပြီးဆုံး သည့် အခါ နန်းတွင်း ရှိ မင်းချင်း များ ၊ ပြည်သူ များဘေး နှစ်ဖက် ဝန်းရံ ထား သည့် လျှောက်လှမ်း လို့ လက်တွဲ ကာ လျှောက်လှမ်း ရသည်။ ထိုအခါ ဧည့်ပရိသတ် များ မှ ပန်းမိုး အဖြင့် ပွင့်ဖတ် များ ကို ကျွန်မ တို့ နှစ်ဦး အပေါ် ကြဲချ ကြ လေသည်။ သူတို့ အရှင်သခင် လင်မယား ကို ကောင်းချီး ပေး ခြင်း အခမ်းအနား မှာ လျှောက်လမ်း အရှည်ကြီး ပြီး မှ အဆုံး သတ်တော့သည်။

သူ့ ကို ကျွန်မ ပိုင်ပြီ၊ သူ၏ ပိုင်ဆိုင်ခြင်း ကို လည်း ကျွန်မ ခံယူရမည်၊ သို့သော် ကျွန်မ အလုံးစုံ မပျော်ပိုက်နိုင်ခဲ့။

ကျွန်မ ဝတ်ဆင်ရသည့် ထိုင်မသိမ်း ဝတ်လွှာ မှာ ရွှေချည် ရွှေသား အစစ် ဖြင့် ရက်လုပ်ထား သည့် ဝတ်ရုံ လွှာ ဖြစ်သည်။ ဤ ဝတ်ရုံလွှာ ကို ရက်လုပ်ဖို့ အမှူထမ်း အယောက် 100ကျော် နေ့ မနား ည မနား ချုပ်လုပ် ပြီး ယောက္ခမ တော် သက္ကလဒေဝီ မိဖုရား ကြီး မှ လက်ဖွဲ့ ခဲ့ ခြင်း ဖြစ်လေသည်။

အမုန်းကမ်းပါးမှာ ပျိုးတဲ့ အချစ်လှိုင်းWhere stories live. Discover now