Part 25

747 46 12
                                    

အမုန်းကမ်းပါးမှာပျိုးတဲ့အချစ်လှိုင်း
အပိုင်း (25)

ငွေနှင်းမှုံ နဲ့ မြဲစေခေတ် တို့ ရောက်နေကြတာ ရန်ကုန် မြစ် တစ်ဖက်ကမ်း ရှိ တွံတေး ။

ဒီ ကို ရောက်တာ ဒါ နဲ့ ဆို 3ကြိမ် ရှိပြီ။ ဒီ ကို လာဖို့ အကြံပေး လိုက်တာ က ငွေနှင်းမှုန် ပါ။ အလုပ်သွား စရာ မရှိတော့ အား နေတယ်လေ၊ တစ်နေ့ တစ်နေ့ မိမိ ကို.. ချစ်ရတဲ့ အကို့နားက လွင့်ပြယ် စေတဲ့ တရားခံ ကို အရင်းစစ် ကြည့်လိုက်တော့ နှောင်းတခေတ်ဆိုတဲ့ မိန်းမ ။

အကို က သူမ ဘက်က အချိန်တိုင်း လိုလို ရှိခဲ့တာ...ဒီ မိန်းမ ဘယ်လို အစွမ်းထက် ဆေးတွေ သုံးလိုက်လို့ အကို ခုလို စိတ်ပြောင်း သွား ရတာ လဲ။

မုန်းတယ်၊ သာယာ တဲ့ သူမ ဘဝ လေး ကို ဖျက်ဆီး တဲ့ မိန်းမ ကို အသည်းထဲက ဖြစ်ဖြစ်မြည်အောင် မုန်းတီး လှတယ်။

အခုဆို အကို က သူမ ကို ဆက်ဆံ တာ စိမ်းသက်သက် နိုင်လှတယ်၊ သူမ ph ဆက်ရင်လည်း မကိုင်၊မဖက်လည်းမလုပ်တော့ ဘဲ လျစ်လျူရှု့ လေ သူမ နှောင်းတခေတ် ကို မုန်းလေ။

ဒီ ကောင်မ ဘယ်လို မာယာ တွေ နဲ့ အကို့ ကိုယ် ပြုစား လိုက်တာလဲ။ ဘယ်လို ပညာ ...ဘယ်လို အစီအရင် တွေ နဲ့ အကို့ ကိုယ် ဤမျှ ပြောင်းလဲ စေခဲ့တာ လဲ။

အမေ ဖြစ်သူကို အစ အဆုံး ရင်ဖွင့်မိတော့ အမေ က အကြံ ပေး တယ်။

"အောက် လမ်း နဲ့ လုပ် တာ နေမှာ ပေါ့အေ.."

"အောက်လမ်း ...ဟုတ်လား အမေ ..."

"ဟုတ်ပ အေ ... အမလေး ဒီလို များ ဆိုလို့ကတော့ ငါ သိတဲ့ ဆရာ က ပိုတောင် အစွမ်း ထက်သေး"

စကားစပ် မိပြီး ပြော မိ ရာမှ အောက်လမ်း နည်း နဲ့ သေ အောင် ပြန် သတ်ပါလား တဲ့။ ဘယ်သူ မှ မသိ ဘဲ၊ ဘာ သက်သေ မှ မကျန်ဘဲ လူသတ်လို့ ရတယ်တဲ့လေ။

ငွေနှင်းမှုန် တွေဝေ သွား သည်။ စေ့စေ့ တွေး ကြည့်တော့ ဖြစ်နိုင်သည်။ အကို ဆိုတာ နှောင်းတခေတ် ဆိုတဲ့ မိန်းမ ကို သေအောင် မုန်း တဲ့လူ...ဒီလို လူ က အပြောင်းလဲ ကြီး ပြောင်း လဲ အောင် ဖြစ်စေ သည်မှာ ဒီလို မကောင်းသည့် အတက်ပညာ များ သာ ဖြစ်နိုင်လေသည်။ သူတောင် အကို့ ကို ထိုကဲ့သို့ နည်း နဲ့ သိမ်သွင်း မှ တော့ သူမ ကရော... အချစ် နဲ့ စစ် မှာ မတရား တာ မရှိဘူးတဲ့... အကို လည်း စိတ်ရင်း မှ မဖြစ်နိုင်တာ...သူသာ မရှိတော့ ရင် သူမ နဲ့ အကို အရင်လို အဆင်ပြေမှာ...

အမုန်းကမ်းပါးမှာ ပျိုးတဲ့ အချစ်လှိုင်းWhere stories live. Discover now