Part 29

890 59 13
                                    

အမုန်းကမ်းပါးမှာပျိုးတဲ့အချစ်လှိုင်း
အပိုင်း (29)

နှောင်း ကို ဆရာဝန် တွေ CPR လုပ်ကာ အရေး ပေါ် အသက် ကယ် ဖို့ ကြိုးစား နေ တဲ့ အချိန်မှာ ဘဲ သူ့ ဒေါသ တွေက ဘေးက တရားခံ ငွေနှင်းမှုန် ဆီ ရောက်ရှိသွား သည်။

ချက်ခြင်း ဆိုသလို အကို့ဆီက အကြည့် စိမ်း ကြီး နဲ့ အတူ ငွေနှင်းမှုန် မှာ ခံစား လိုက်ရတဲ့ လေထုက ပါအေးစက်သွား တယ်၊ အဲဒီလောက်အထိ ကို အကို့ မျက်လုံး တွေ ထဲ အမုန်း တွေ၊ ဒေါသ တွေ ၊ ခက်ထန်မှု တွေ ၊ မီးပွင့်မတက် တင်းမာမူတွေ က ကျက်သီး ထ စရာ ပါ။ 8နှစ် အတွင်း အကို့ ဆီ မှာ တစ်ခါ မှ မမြင် ဖူး ခဲ့တဲ့ ဒေါသ တွေနဲ့ ဒီလူသားဟာ ကြောက်ဖို့ အင်မတန် ကောင်း လောက်အောင်...အကြည့် ကြီးက ရေခဲ မတက် ကို အေးစက်လာခဲ့တယ်....

"မင်းလို မိန်းမကများ... ရာရာစစ..."

အံကြိတ် ပြောလိုက်တဲ့ သူ့ အသံ ကြီး ဟာ ကြောက်မက်ဖွယ် အတိ ဖြစ်နေခဲ့ လျက်၊ ငွေနှင်းမှုန် တစ်ယောက် အကို ဘာ မှ မလုပ်ရ သေး ဘဲ အကြည့် စိမ့် ကြီး နဲ့ ဒေါသ သံကြီး အောက်မှာ ဘဲ ရင်တွေ တုန်ကာ အသက်ရှူသံ တွေ မြန် လာ ခဲ့တယ်။

ချက်ခြင်း ဆို သလို ဘာဆို ဘာမှ မမြင်နိုင်တော့ တဲ့ ဒေါသ တွေ နဲ့ လျှင်မြန်လွန်းလှ သော သူ့ လက် တွေ က ငွေနှင်းမှုန် ဆီ လေ အလျှင် ကဲ့သို့ ရောက်ရှိ သွား ပြီး သူမရဲ့ လည်ပင်း မှ အကျီ ကော်လံ နှစ်ဖက် ကို ခပ်တင်းတင်း ဆွဲဆောင့် ယူ လိုက်တယ်။

"အ...အကို..."

အကျီကော်လံ စ နှစ်စ ကို ဆွဲ ဆောင့် ယူ လိုက်တာ ကြောင့် လည်ပင်းအစ်ကာ အသက်ရှူကျပ် သွား ရတယ်။

"လွှတ်... လွှတ်ပေး ပါ..."

"ထိရဲတယ်၊ မင်းလို ကောင်မ က ငါ့ မိန်းကလေး ကို ထိခိုက်အောင် လုပ် ရဲ တယ်..."

အံကြိတ် ပြောလိုက်သံ ကြီး နဲ့ ဒေါသတကြီး အသက်ရှူသံ ပြင်းပြင်း ကြီးဟာ ငွေနှင်းမှုန် မျက်နှာ ဆီ ရိုက်ခတ် နေ ခဲ့ပြီး...

အကို ပုံစံ က သွေးအေး လူသတ်သမား တစ်ယောက် ရဲ့ ရက်စက်မှု မျိုး ဖြင့် သူမ ကို လည်ပင် ကနေ လက်နှစ်ဖက် နဲ့ ဖြစ်ညှစ် လိုက်ကာ တဖြေးဖြေး ကိုင်မြောက် ပစ် လိုက်တာမို့ သူမခြေထောက်တွေ အောက် ကြမ်းပြင် နဲ့ ကင်းကွာ လာတယ်။

အမုန်းကမ်းပါးမှာ ပျိုးတဲ့ အချစ်လှိုင်းWhere stories live. Discover now