Part 26

913 57 27
                                    

အမုန်းကမ်းပါးမှာပျိုးတဲ့အချစ်လှိုင်း
အပိုင်း (26)

"ငါ သူတို့တစ်မိသားစု လုံးကို  မသက်ာဘူး၊ အထူးသဖြင့် ငွေနှင်းမှုန် နဲ့ မြဲစေခေတ် ဘာလုပ်လဲ၊ ဘယ်သွား လဲ ... သေချာ စုံစမ်း ပေး စမ်း ပါ ကောင်းကြီး"

ကောင်းကြီး က စုံစမ်းပေးမဲ့ အကြောင်း ပြောရင်း ph ချ သွားသည်။

မြွေ နဲ့ တိုက်တာ ကလည်း သူတို့ မိသားစု အပြင် မရှိနိုင်ဘူး၊ လောလောလတ်လတ် သူမ ကို သေ စေ လိုတဲ့ လူ ဦးတက်ခေတ် နဲ့ ရဲစေ ခေတ် ...mount villa project အတွက် အကျိုးအမြတ် က သူတို့ နှစ်ယောက်က အဓိက ရမှာ မို့လား။

ငွေနှင်းမှုံ နဲ့ မြဲစေခေတ် ကို လည်း သူ မယုံဘူး။အတူ တွေ့ နေတာ ဆိုတော့ တစ်ခု မဟုတ် တစ်ခု ကတော့ လုပ်မှာ သေချာသည်။ အောက်လမ်း ဆို တဲ့ ကပေါက်တိ ကပေါက်ချာ နည်းလမ်း မျိုး က မိန်းမ ကျင့် မိန်းမ ညဏ် နဲ့ ဘဲ ပို ပြီး လုပ်ဖို့ ကြိုးစား မှာ လေ။

ရဲစေခေတ် နဲ့ ဦး တက်ခေတ် လည်း ဖြစ်နိုင်ပေမဲ့ သူ့ စိတ်ထဲ ငွေနှင်းမှုန် နဲ့ မြဲစေခေတ် ကို ပို မသက်ာ ဘူး လို့ ခံစား နေရသည်။

ဒီနေ့က 3ရက်မြောက်နေ့။

ဦးတိုးနိုင်ခေတ် သူ့ဆီ လျှောက်လွှဲချက် တစ်ခု သေချာပေါက် ပေးကို ပေး ရမယ်။

မပေး လို့ကတော့ သူ လည်း ဘာမှ ဂရုစိုက်နေမှာ မဟုတ်၊  ...ခေတ် မိသားစု တစ်ခုလုံးကို ပါ ပျက်ဆီး ရရင်တောင် ၊ သူ ကိုယ်တိုင် ထိခိုက်ရင်တောင် သူက သောက်ဂရု စိုက်မှာ မဟုတ်ဘူး။

တစ်ခု တော်သေး သည်မှာ နှောင်း က မနက်ခင်း မှာ တော့ ကောင်းကောင်းမွန်မွန် နိုးထ လာ တာ ပင်။ သူ လည်း သူမ နိုး လာမှ ရင်ထဲ က အလုံး ကြီး ကျ တာ ပါဘဲ။

"သက်သာ လား မောင့်ကလေး လေး၊ ဘယ်လို နေ သေးလဲ "

သူက လက်ကလေး တစ်ဖက် ကို ဆုတ်ကိုင်ပြီး သူမ နဖူး ပေါ် ဖျာကျ နေတဲ့ ဆံစ လေး ကို လက်နဲ့ ညင့သာစွာ သက်တင်ကာ နှစ်ကိုယ်ကြား အသံကလေး နဲ့ မေး လျှင် နှောင်း က သူ့ ကို သနားစဖွယ် နွမ်းဖျော့ သည့် အပြုံး ယဲ့ ကလေး ဖြင့် ငေး ကြည့် ပြီး အားတင်းကာ ခေါင်းညိတ် ပြသည်။

အမုန်းကမ်းပါးမှာ ပျိုးတဲ့ အချစ်လှိုင်းWhere stories live. Discover now