Part 13

852 26 1
                                    

အမုန်းကမ်းပါးမှာပျိုးတဲ့အချစ်လှိုင်း
အပိုင်း (13)

မနက်စောစောစီးစီး အကိုလေး က ကားနဲ့ ကိုမြင့်ဇော် ကို လွှတ်ပြီး ခေါ် ခိုင်း လိုက်တာ ကြောင့် သဲဆု နဲ့ ငုဝါ တို့  လိုက်လာ ခဲ့ ရသည်။

မမလေး ကလည်း ည က တစ်ညလုံး ပြန်မလာ တာ ကြောင့် သူတို့ မှာလည်း စိတ်ပူ ရကာ ကောင်းကောင်းပင် အိပ်မပျော်နိုင်ခဲ့။

ပြီးတော့လည်း လေ အကိုလေး က မေမေကြီး ရဲ့ ဂျင်းဆင်း ရိုင်း တွေ ပါ ယူ လာခိုင်း တာကြောင့် သူမ တို့မှာ မမလေး အတွက် ပိုပြီး စိုးရိမ် နေမိတော့သည်။

မမလေး နှောင်းတခေတ် ဟာ သူတို့ အတွက် တော့ ရွှေ တောင်ကြီး ပါ ၊ သူတို့လို ဘယ်သူ့ အတွက်မှ အသုံးမဝင်တဲ့ အစေခံ တွေ ကို လူ ချင်း အတူ တူ ဆိုပြီး မြင်ပေး တရေးတယူ ဆက်ဆံ ပေးတာ ဆိုလို့ Khit စံအိမ် ကြီး တစ်ခုလုံး မှာ မမလေး တစ်ယောက်ဘဲ ရှိ တာ။

လွန်ခဲ့တဲ့ 10နှစ် ကျော် မမလေး စံအိမ်ကြီးကို ရောက်စ ထဲက သူမ တို့ နှစ်ယောက်က မမလေး ကို အလုပ်အကျွေး ပြု ခဲ့ရတာ။ ရောက်ခါစ က ဆို သူတို့ အစား အပြစ် ခံယူ ပေး ရင်း တစ်ယောက် 10 ချက်စာ ကြိမ်ဒဏ် အချက် 20ကို ဝင်ခံ ပေးရင်း မမလေး ပါ အိမ်ယာ ထဲ လဲ ခဲ့တာ သူမ အခုထိအတိအကျ ကို မှိတ်မိနေသေးတယ်။

အဲဒီ တုံး ကတော့ သခင်မကြီး သီရိမြိုင် ကိုယ်တိုင် မမလေး ကို ရိုက်နှက်ခဲ့တာ။Khit စံအိမ် ရဲ့ အပြစ်ပေး တဲ့ ပုံက သခင်တွေ ကို ရိုက်နှက်ဆုံးမ တာ မျိုး မဟုတ်ဘဲ သခင်တွေ အပြစ် ကို သူတို့ကို အလုပ်အကြွေး ပြု ရတဲ့ အစေခံ တွေ က ခံကြရတာ မျိုး ပါ။

မမလေး ကတော့ အစ ထဲ က အဲဒီ မူကို အပြင်းအထန် ဆန့်ကျင့်ခဲ့တာ။ဒီလို ဆုံးဖြတ်ချက် ကို လုံးဝ မပြင် ဘဲ သူမ တို့ အတွက် ရပ်တည်ပေးခဲ့ တဲ့ မမလေးပါ။အဲလို တွေ ဆန့်ကျင်လို့လဲ လူကြီးမင်း ဆီက မကြာမကြာ အပြစ် ပေး ခံခဲ့ ရတာ။

တခြား သခင်လေး တွေ က သူတို့ ကိုယ်တိုင် အမှား လုပ် ပြီး 'နောက်က အားပေးအားမြောက် လုပ်လို့ မှား မိတာ၊ သူတို့ မတားလို့ မှား မိတာ ' စသဖြင့် သူတို့ အပြစ် ကို နောက်လိုက်တွေ အပေါ် အမျိုးမျိုး လွှဲချ ဖို့ ကြိုးစား ချိန် သူတို့ သခင်မလေး ကတော့ သူတို့ ရှေ့ မှာ အမြဲ ကာကွယ် ရပ်တည်ပေး ခဲ့တာ။

အမုန်းကမ်းပါးမှာ ပျိုးတဲ့ အချစ်လှိုင်းWhere stories live. Discover now