အမုန်းကမ်းပါးမှာပျိုးတဲ့အချစ်လှိုင်း
အပိုင်း (27)သူ့ emperor club ကနေ ပြန်ထွက်လာ တော့ ညနေ 4နာရီ ...
ကားမဲ တစ်စီး သူ့ ဘေး ထိုးရပ် လာ ပြီး ထို အပေါ် မှာ ပါ လာ တဲ့ လူက ဦးသော်ကောင်း ဆို တဲ့ လူ ၊ ထိုလူ ကို သူ့မျက်မှာ တောင် ရဲရဲ တောင် မကြည့်ဝံ့ဘဲ...
"သခင်လေး လူကြီးမင်း ကို တောင်းဆို ထားတဲ့ တဲ့ လူ ကို လာပို့ပေး တာပါ" ဆိုပြီး နောက်ခန်း ဖွင့်လိုက်စဥ် ခန္ဓာကိုယ် ဖျော့တော့ ပိန်လှီ နေတဲ့ အမျိုးသမီး ကြီး တစ်ယောက် ကို တွေ့ လိုက်ရတယ်။
အမျိုးသမီး ကြီး ပုံစံ က ငူငူငိုင်ငိုင် ဖြစ်နေပြီး...အာဟာရ ချို့တဲ့ နေတဲ့ ပုံ မျိုးပါ။
မျက်နှာ ကျ က နှောင်း တဲ့ တူ တာ ဆိုတော့ နှောင်း အမေ ဖြစ်နိုင်ပါတယ်။
"သူက ... သခင်မလေး နှောင်းတခေတ် ရဲ့ အမေ ဒေါ် ခင်နှောင်း ပါ"
ဦးသော်ကောင်းက မရဲတရဲ အတည်ပြု ပေး မှ သူက အသေအချာ ထပ်ကြည့်လိုက်မိတယ်။
နှောင်း အမေ အန်တီ ခင်နှောင်း ကြည့်ရတာ ပုံမှန် လူ တွေ လို မဟုတ်ဘဲ မျက်လုံး တွေ က မျောလွင့် နေပြီး သူ့ ပုံစံက ဆေး အလွန်အမင်း သုံးထားတဲ့ စိတ်ရောဂါ ခံစား နေရသူ လို ဖြစ် နေတဲ့ ပုံပါ။
ဒီပုံစံ နဲ့ ကတော့ နှောင်း ဆီ ခေါ်သွားပြီး ပေး တွေ့ ဖို့ မဖြစ် နိုင်တော့ သူ့မှာ တမျိုး စီစဥ် ပေး ရပါတယ်။
"ဟူး...ကောင်းကြီး ... ငါ့ ယောက္ခမ ကို bamboo resort ကို ခေါ် သွား ပြီး အဲဒီ မှာ ဘဲ သက်သက်သာသာ နေ ထိုင်ဖို့ရော ဆေးကုသ ဖို့ရော စီစဥ် ပေး လိုက်ပါ"
ကိစ္စ တွေ အားလုံး ပြီး တဲ့ အချိန် သူ နှောင်း ဆီ ပြန်ရောက် တော့ ညနေ 6နာရီ ကျော် လောက် ရှိပြီ။
လူနာ ကုတင် ပေါ် မှေးဆက်နေတဲ့ မိန်းကလေး က ဘယ်လောက်တောင် အခန်း တံခါးဝ ကို ငေး ကြည့်ပြီး သူ့ ကို မျှော် နေခဲ့ သည် မသိ...
အသံ အရမ်း မကျယ် အောင် ဂရုစိုက် ပြီး ညင်သာလွန်း စွာ တံခါး လက်ကိုင်လေး ကို လှည့်ဖွင့် ပြီး အခန်းထဲ ကို တိုးဖွ တဲ့ ခြေလှမ်း တွေ နဲ့ ဖွင့် ဝင်လာ တဲ့ သူ့ကို သူမ က ချက်ခြင်းဆိုသလို လှည့် ကြည့် လာ ပြီး ရုတ်ချည်း မျက်ရည်စ လေး တွေ မျက်လုံး အိမ် ကလေး တွေ ပြည့်သိပ် လာကာ အင့် ခနဲ ရှိုက် ငို တော့တယ်။