Part 33

604 41 3
                                    

အမုန်းကမ်းပါးမှာပျိုးတဲ့အချစ်လှိုင်း
အပိုင်း (33)

ရွာ သူကြီး ဆီ သွား ဖို့ ပြော လိုက်တယ် ဆိုပေမဲ့ တကယ်တော့ ရွာသူကြီး ဆီ ရောက် မသွား ခဲ့ပါဘူး။

ရုတ်တရက် မဟာ ပထဝီ မြေကြီး ရဲ့ တုန်ခါ မြည်ဟီး လာ သံ၊ စစ် ပြင် ခရာ သံ ၊ဆင် စစ်သည်..မြင်းစည်သည် ဗိုလ်ပါ တွေ ရဲ့ အပြေး နှင်သံ၊ မြင်း ခွါ သံ တွေ ကို ကြား လိုက် ရ ခြင်း နဲ့ အတူ ဒါ ဟာ ကေတုမတီ ရဲ့ နယ်ခြား စောင့် စစ်တပ် ဆိုတာ သူ စိတ်ထဲ မှာ အတပ် သိလိုက်ပါတယ်။

အကြောင်းကတော့ တစ်ခြား မဖြစ်နိုင်။
ကေတုမတီ နယ်စပ် ကို စစ်ပြင်ဖို့ ရောက်လာ တဲ့ ကေတုမတီ နယ်ခြားစောင့် တပ် သာဖြစ်ချေမည်မှာ ဧကန်အမှန်ပင် မဟုတ်ပါ လော။

ခပ်လှမ်းလှမ်း ကနေ ဖြတ်သွား တဲ့ နယ်ခြားစောင့် စစ်တပ် ရဲ့ အရေးပေါ် အခြေအနေ ကို မြင် လိုက်သည့် အခါ ကေတုမတီ အိမ်ရှေ့ ကိုယ်တော်လေးအဂ္ဂတေဇ ရဲ့ ခန္ဓာကိုယ် ကြီး လဲ တောင့်မတ်မင်သက် သွား တော့ တယ်။

ဒီပ ကလည်း သူ့ သခင် အခြေအနေ ကို မြင်သည်နှင့် မြင်းပေါ် အဆင်သင့် ခုန်တက် ပြီး အပြင်း နှင် ရန် မြင်းဇာတ်ကြိုး ကို ဆွဲကိုင် ထား ပြီး ဖြစ်လေ တော့သည်။

"ဒီပ သွား ရအောင်"

ကိုယ်တော်လေး အသံ က အလျှင် လို နေဟန် ရှိ ပြီး၊ အနည်းငယ် တင်းမာ နေသည်။

ဒီပ က ခေါင်း တစ်ချက် ညိတ် ပြ လိုက်သည်။သွားရန်အသင့် ဆိုသည့် သဘော ပင်။

သူ လည်း နယ်စောင့် စစ်တပ် နဲ့ အတူ နယ်ခြား ကို ကွတ်ကဲ ပြီး ကေတုမတီ ပြည် ကို ထိပါး လာ တဲ့ ရန်သူ များ ကို အပြတ် သုတ်သင်ဖို့ မြင်းဖြူပေါ် ခုန်တက် ပြီး မြင်း ဇာတ် ကြိုး ကို ကိုင်ကာ ထိုနေရာ က ထွက်ဖို့ ပြင်လိုက်တယ်။ သို့သော် သူ မသွား နိုင်သေး၊ တစ်စုံတစ်ရာ ကသူ့ ကို ဆွဲ ထား သည့် ဟန် ရှိနေပြီး ထို တစ်စုံ တစ်ရာ မှာ အစော ဆို တဲ့ ချာ တိတ် ဖြစ်သည်။

ကေတုမတီ ရဲ့ ဘုန်းရှင် ကံရှင် ရာဇ ကိုယ်တော်ကလေး မှာ အစော ဆိုတဲ့ ချာ တိတ် ကို တစ်ချက် ကြည့် လိုက်သည်။

အမုန်းကမ်းပါးမှာ ပျိုးတဲ့ အချစ်လှိုင်းWhere stories live. Discover now