Part 10

933 46 6
                                    

အမုန်းကမ်းပါးမှာပျိုးတဲ့အချစ်လှိုင်း
အပိုင်း (10)

ဟင်!!

ဝုန်း ဆို တဲ့ အသံ ကြောင့် ရေချိုးခန်း ထဲ ပြေးဝင်လိုက် သည် နှင့် မြင်လိုက်ရ သည့် မြင်ကွင်း မှာ လူ ကို သတိလက်လွတ် ပင် ဖြစ်သွားစေ သည်။

တေဇ ဘုန်းပြည့် တစ်ယောက် suit အတွင်း အပြင် အကုန်ချွတ် ပစ်ပြီး အပေါ် ဗလာ နဲ့ bath tub ထဲ ပက်လက် အနေ အထား နဲ့ ရေစိမ် နေခြင်း ဖြစ်သည်။

မျက်နှာ နဲ့ ခန္ဓာကိုယ် အသား အရည် ကလည်း နီမြန်း နေ တာ ကြောင့် နှောင်း သူ့ကို စိတ်ပူ သွား ရသည်။ ထို့ကြောင့် လည်း သူ့ အနား သွားလိုက် ရင်း နဖူး ကို ပြေးစမ်း ကြည့် လိုက်သည်။

"ဟင်...တေဇ ဘုန်းပြည့် ရှင်...အသား တွေ အရမ်း ပူ နေ ပါ့လား"

........

သူက နှောင်း ကို ဘာမှ ပြန်မပြောဘဲ သူ့နဖူး ကို စမ်း နေတဲ့ နှောင်း လက်ကို လက်ကောက်ဝတ် ကနေ ဆတ်ခနဲ အားနဲ့ ဆွဲချ လိုက်လေရာ...

"အာ...တေဇဘုန်းပြည့်...မလုပ်နဲ့လေ.."

နှောင်း လည်း ဝုန်း ခနဲ bath tub ထဲ တရောသောပါး ကျသွား လေတော့သည်။

သူက နှောင်းခန္ဓာကိုယ် လေး ကို စီး ဖမ်း ထား ရင်း ခါး ကနေ လက်နှစ်ဖက်နဲ့ ပင့်မ ကာ သူ့ ရင်ခွင်ထဲ သို့ ဆွဲကပ်ပစ်လိုက်သည်။

အသက်ရှုသံ တွေ လှိုင်းထန် နေတဲ့ သူ့ ပုံစံ မူမမှန် တာ ကို ခု မှ သတိထား မိတဲ့ နှောင်း ဟာ အား ရှိသလောက် ရုန်း သော်လည်း အချဥ်းနှီး သာ။

အပြင်းထန်ဆုံး ကာမ ဘီလူး ဝင်စား သည့် အလား သရဲ မရဲ စီး သလို ဖြစ်နေတဲ့ ယောကျ်ားပျို တစ်ယောက် ရဲ့ အား ကို နှောင်း ဘယ်လို အင် ဘယ်လို အား နဲ့ များ လွန်ဆန် လို့ ရ နိုင်ပါ့မလဲ။

"ဟင့်အင်း.."

လည်ပင်း ကို သူ့ ဘယ်လက် နဲ့ ထိန်းကိုင် ပြီး နှောင်းရဲ့ နောက်ကျော ကို သူ့ ညာ ဘက် လက်နဲ့ ချုပ်နှောင်လိုက် ပြီး တဲ့ နောက် နှောင်း နှုတ်ခမ်း ပါး တွေ ကို သူ စိတ်တိုင်းကျ အငမ်းမရ နမ်းရှိုက် ပါတော့ တယ်။

အညှာအတာ မဲ့ ဖဲ့ချွေ နေတဲ့ အနမ်း ရိုင်းတွေ...
ဘယ်လို ဘဲ ငြင်းဆန် နေပေမဲ့ နှောင်း ရဲ့ မလိုလား ခြင်း တွေ ကို တစ်ဖက် က လူ က အသိအမှတ် ပြုရိုးလား။

အမုန်းကမ်းပါးမှာ ပျိုးတဲ့ အချစ်လှိုင်းWhere stories live. Discover now