Part 9

871 43 5
                                    

အမုန်းကမ်းပါးမှာပျိုးတဲ့ အချစ်လှိုင်း
အပိုင်း (9)

ဒီနေ့ သူတို့ တေဇ မိသားစု ပိုင် စံအိမ်က အလုပ်သမား အားလုံး ရှုပ်ယှက် ခပ်နေကြတယ်။ အကြောင်းမှာ တေဇဂုဏ်ရောင် ရဲ့ 16နှစ် ပြည့် မွေးနေ့ ပါတီ ကြောင့် ဖြစ်တယ်။

တေဇ မိသားစု ပိုင် အိမ် ကြီးက အိမ်မျက်နှာစာ အရှေ့ မှာ မြက်ခင်းပြင် ကျယ် ကြီး နဲ့ အတူ ရေကူးကန် လည်း ရှိတာ ကြောင့် garden Partyအပြင် pool side ပါတီ လည်း ခြံ ထဲ မှာ ကျင်းပ လို့ ရပါတယ်။ လူ အယောက် 50 /100 လောက်ကတော့ အသာ ကလေး ဆန့်တယ်။

ဒီနေ့ ဂုဏ်ရောင့် မွေးနေ့ မှာ ဂုဏ်ရောင့် သူငယ်ချင်း တွေ နဲ့ အတူ သူ့ company က ရှယ်ယာ ဝင် အချို့ ၊ဆွေမျိုး တော်စပ်သူ အချို့ လည်း လာ တာ ကြောင့် party ပွဲ က အလွန် စည်းကား နေခဲ့တယ်။

ဂုဏ်ရောင့် အတွက် စီစဥ်ပေး တဲ့ ပါတီ ဖြစ်တာ ကြောင့် ဂုဏ်ရောင့် စိတ်ကြိုက် သူက စီစဥ်စေခဲ့တယ်။

16 နှစ် ဆို တော့ ကလေး သာသာ ပေါ့။
သိတယ်မလား...ကလေး စိတ် ၊ ကလေး အတွေး ဆို မှ တော့ party မှာ ကစား တဲ့ ကစား နည်း တွေ လည်း ပါ တော့တာ ပေါ့။

ဒါပေမဲ့ လူကြီး တွေ လည်း လာ တာ ကြောင့် tango အက ကိုလည်း ခြံ ထဲ မှာ စီစဥ် ပေး ထား ပါတယ်။ဒါကတော့ ခုထိ တရားဝင် မိန်းမ မရှိသေးတဲ့ ကောင်းကြီး ဆိုတဲ့ ကောင် ကြောင့် စီစဥ်ပေး ဖြစ်တာပါ။

လူကြီး တွေအတွက် ရှန်ပိန် ၊ ဝီစကီ နဲ့ ဝိုင် တွေ စီစဥ်ထား သလို ကလေး တွေ အတွက် cocktail တို့ juice တို့ စီစဥ် ပေး ထား ပါ တယ်။

အကင်တွေ seafood တွေ ကတော့ ဘူဖေး စနစ် နဲ့ ဟော်တယ်က chef တွေ ကို ခေါ်ယူ ပြီး ခြံ ထဲ မှာ သာ တစ်ခါ တည်း တည့်ခင်း စေတယ်။

ဂုဏ်ရောင့် သူငယ်ချင်း တွေက ယောကျ်ား လေး 6ယောက် နဲ့ မိန်းကလေး 4ယောက် စုစု ပေါင်း 10ယောက် ပါ။ ဒါပေမဲ့ ယောက်ကျားလေး 3ယောက်၊ မိန်းကလေး 2ယောက်လောက် ကဘဲ အနား မှာ ရှိပြီး ကျန်တဲ့ သူငယ်ချင်း တွေ က မျက်နှာရိပ် မျက်နှာ ကဲ ကြည့် နေကြသလို ပုံ နဲ့ တူ ပါတယ်။

သူကတော့ ဖအေ ဆိုတော့ နေရာတကာ တော့ ဝင်မပါ ဘဲ နေ လိုက်ပါတယ်။ ကလေး တွေ ကို ဝရံတာ က နေ ရှန်ပိန် တစ်ခွက်နဲ့ ငေး နေတုံး မှာဘဲ နှောင်းတခေတ် ရဲ့ cardillace ရေညှိစိမ်းရောင် ကား ဟာ ခြံထဲ မောင်းဝင်လာ တယ်။

အမုန်းကမ်းပါးမှာ ပျိုးတဲ့ အချစ်လှိုင်းWhere stories live. Discover now