Part 18

801 37 9
                                    

အမုန်းကမ်းပါးမှာ ပျိုးတဲ့အချစ်လှိုင်း
အပိုင်း (18)

ရန်ကုန် မြို့ ရဲ့ မနက်ခင်း က မိုးဥတု ဖြစ်သည့် အလျောက် ညို့မှိုင်း လျက် ရှိ သည်။ မနက် 8:30 ဆိုတဲ့ အချိန် က နေ့တစ်နေ့ ရဲ့ အစ ဖြစ်သလို လုပ်ငန်းခွင် ဝင်မဲ့ အလွှာစုံက လူတန်စားအသီးသီး ကလည်း သွားလာ လှုပ်ရှား လျက် နေ့သစ် ကို ကြိုဆိုရန် အဆင်သင့် ရှိနေကြသည်။

မောင်နဲ့ အတူ နှောင်းက company သွား ဖို့ရာ ကား နောက်ခန်း မှာ ထိုင်လျက် ရှိနေပြီး မောင်
ကတော့ ထုံးစံ အတိုင်း နှောင်း ရဲ့ လက်တစ်ဖက် ကို ဆုတ်ကိုင် ထား လျက် သူ့ ဘေး ကားပြတင်းမှန်မှ တဆင့် ပတ်ဝန်းကျင် ကို ငေး ကြည့် နေသည်။

ခဏ နေတော့ မောင်က  ဘာ စိတ်ကူး ပေါက်သည်မသိ၊ driver ကို ကား ရပ်ခိုင်းသည်။

နှောင်း ကို ဘားမှ မပြောဘဲ ခပ်ပြုံးပြုံး ကြည့် ပြီး နောက် သူ့ ကို ခဏ စောင့် မှာခဲ့ပြီး city mart ကို ဝင်ကာ ငှက်သိုက် ခြင်း ကြီး ဝင် ဝယ်လာလေသည်။ နှောင်းက လည်း မောင် ပုံစံ အထူးအဆန်း ကြောင့် အံသြော နေပြီး ...

"မောင် လူနာ သွား တွေ့ ဖို့ရှိလို့လား "

မောင် က နှောင်း ကို မေ့ရန်ကော ဆိုတဲ့ ပုံစံ နဲ့ နဖူး ကို လက်သီးစုပ် ဖြင့် ခပ်ဖွဖွ ထုလိုက်ပြီး ...

"ကြည့်... မင်း အမေဆေးရုံ တက် နေရတယ်လေ၊မင်း သွား တွေ့ ဖို့ ကောင်း တာ ပေါ့ နှောင်း ရဲ့"

သြော်... မောင့် ကြည့် ရတာ တော့ နှောင်း ကို ဂရုစိုက်ပေး ပြီး နှောင်း မိသားစု ရှေ့ မျက်နှာ ကောင်း လိုချင် ရှာ လိမ့်မယ်၊ သို့တည်း မဟုတ် သမက် ကောင်း တာဝန် ကျေ ချင်ပုံလည်း ရ လေသည်။

ဒါပေမဲ့ မောင် ရယ်၊ ဒေါ် သီရီမြိုင် က နှောင်း အမေရင်း မှ မဟုတ်ဘဲ ကွယ်။

"တော်တော်ကြာ... မင်း အိမ်က မောင်က မလွှတ်လို့ ...လို့  ထင်နေပါ အုံး မယ်၊ ကြာပါတယ် ကွာ...မင်း လည်း မင်း အမေ ကို စိတ်မပူဘဲ ဘယ်နေမလဲ၊ခု တစ်ခါ ထဲ ဝင်တွေ့ ရအောင် လေ"

"အင်..."

နှောင်း က အင်တင်တင် လုပ်နေတော့ သူက သူ့စိတ်ထဲ ဘယ်လို ထင် သွားလဲ မသိ။ နှောင်း ကို သူ့ ရင်ခွင်ထဲ သွင်းပြီး  နဖူးလေး ကို ခပ်ဖွဖွ နမ်းကာ ကပျာကယာ ဖြေရှင်းချက် ထုတ်လေသည်။

အမုန်းကမ်းပါးမှာ ပျိုးတဲ့ အချစ်လှိုင်းWhere stories live. Discover now