Part 12

1.1K 42 4
                                    

အမုန်းကမ်းပါးမှာပျိုးတဲ့အချစ်လှိုင်း
အပိုင်း (12)

"6လ....6လ တောင် ရှိနေပြီ၊ ဘယ်မလဲ နင့်ယောကျ်ား"

"6လ ဆိုတာ လူတစ်ယောက် ရဲ့ စိတ် ကို အပိုင်ရ ဖို့ လုံလောက် တဲ့ အချိန်ကာလ လား "

"နင့် စီ က ထွက် လာ သမျှ ၊ ငါ့ တို့ အတွက် ဘာမှ အသုံး မဝင် တဲ့ စကား တွေ ချည်ဘဲ"

ထုံးစံ အတိုင်း စကား ပြော နေကြတာ ကတော့ လူ 3ယောက် ပါ။ ဒါပေမဲ့ စကား ဝိုင်းထဲ အပြန်အလှန် ပြော နေ ကြတာ ကတော့ နှောင်း နဲ့ အဖေ အမည်ခံ အဖေတူ အမေ ကွဲ အကို တော်စစ်သူ ဦး တက်ခေတ် ပါ ဘဲ။

ဦးတိုးနိုင်ခေတ် က ထိပ်ဆုံး ခုံ မှာ မိန်မိန်ကြီး ထိုင်ပြီး တင်ပြချက် စာတမ်း တစ်စောင် ကို ဖတ် နေခဲ့တာ ပါ။ သူ့နောက်မှ လက်နှစ်ဖက် ကို ရှေ့ မှာ ယှက်သိုင်း ကာ ရပ်နေသူ က ဦးတိုးနိုင်ခေတ် ရဲ့ လူယုံ ဦးကောင်း ဆို သူပါ။

"နင် ဘာများ ဖြစ်မြောက် အောင် လုပ် နိုင်လဲ ငါ့ကို ပြောစမ်း၊ မွေးစားသား ကို လည်း ရှင်းထုတ်ပါ ဆိုတာ လည်း မရှင်းထုတ်နိုင်၊ ဟို ကလေးမ ကိုလည်း အပြီး မဖယ်ရှား နိုင် နဲ့ ဘာဆို ဘာ မှ ဖြစ်ဖြစ် မြောက်မြောက် ဖြစ်မလာဘူး၊ တေဇ group ထဲ ဝင်နိုင်ပြီးလား၊ ဟို့ကောင် ရင်သွေး ကို လွယ်ထား နိုင်ပြီးလား ဆိုတော့လည်း .... အဟွန့်၊ ပါးစပ် က ထွက်လာတဲ့ လေ ကျ နည်းနည်းမှ မလျော့ချင်ဘူး"

"အဲဒါ တွေ ကလည်း ထင်သလောက် လွယ်တဲ့ ကိစ္စ တွေ မှ မဟုတ်တာ၊ လွယ်မယ်ထင် ရင် ကိုယ်တိုင် လုပ်ကြည့် လိုက်ပါ လား "

"ဘာ... အများ အမြင်မှာ ငါ့ အဖေ နော်၊ စကား ကို ဆင်ခြင်ပြော"

"အဟွန်း...အဖေ ဆို လည်း အဖေ နဲ့ တူအောင် နေလေ၊ အဖေ ဆိုတာ သားသမီး ဘက်မှာ ရှိ ရတယ်၊ သားသမီး အပြစ် ကို လိုက် ဖော် နေတာ အဖေ လား"

နှောင်း က ခပ်ငေါ့ငေါ့ ရယ် တော့ ဦးတက်ခေတ် မျက်နှာ ရဲ ခနဲ ဖြစ်သွားသည်။ သူ့ နေရာ ပျောက်မှာ ဆိုလို့ နှောင်း အပြစ် ကို ကြီးသထက် ကြီး အောင် ထုတ်ဖော်ပြော နေရတာ သူ့ အစား မော လာ လို့။

"ကြည့်... ပါဦး ဒယ်ဒီ ၊ သူ့ အချိုး အချိတ် ကို ဒီ တိုင်း ဘဲ လွှတ် ထား တော့ မလို့ လား ၊ ဒီလို သာ သူ့ ကို လွှတ်ထား ရင် သူ့ လုပ်ရပ်တွေ ကြောင့် khit မိသားစု အခက် တွေ့ ပါ လိမ့်မယ်"

အမုန်းကမ်းပါးမှာ ပျိုးတဲ့ အချစ်လှိုင်းWhere stories live. Discover now