Part 21

1.1K 50 9
                                    

အမုန်းကမ်းပါးမှာပျိုးတဲ့အချစ်လှိုင်း
အပိုင်း (21)

အင်လျား ကန်စောင်း မှာ မိုးရေအောက် ရင်ထဲ သိမ်းထား သမျှ ပွင့်အန် လိုက်ကြတာ နှစ်ယောက်လုံး နှာသီဖျားကလေး တွေ နီရဲ လာ ပြီ ဟတ်ချိုး ဖြစ် တဲ့ အထိ ပါဘဲ....

နာရေး မို့ အနက်ရောင် ရှပ်အကျီ လေး နဲ့ အနက်
ရောင်စတိုင်ပန့် ဝတ်ထား သည့် နှောင်း ခန္ဓာကိုယ် ကလေး မှာ နဂို 5.7' လက်မ ခန့် ရှိ သည့် အရပ် နဲ့ သွယ်လျ တဲ့ ခန္ဓာကိုယ် မို့ မိုးရေတွေ ရွဲ့စို နေ သည့် အခါ ချပ်ရပ် လျက် တစ်မျိုး ကြည့် ကောင်း နေသည်။

ဖြူဝင်း သည့် အသား အရည် မှာ အနက် ရောင် စိုတောက်နေသည့် အကျီ နဲ့ ပရံနရံသင့် လှကာ လိုက်ဖက် လွန်း နေခဲ့ သည်။

သူ့ မိန်းမ ဟာ ဘယ်အချိန် ကြည့်ကြည့် ဘယ်လို ကြည့် ကြည့် တကယ် လှ ရက်လွန်း လှသည်။

ခုလည်း မိန်းမဝတ် ရှပ် လက်ရှည် ကို တံတောင်ဆစ် ထိ ခေါက်တင် ထား သည်ကပင် ရိုးရိုးလေး နှင့် ဆန်း နေ သေး သည် ပင်။

ရေစက် ရေ ပေါက်ကလေး တွေ အရေပြား ပေါ် တွဲလွဲ ခို နေ ပုံ က ကဗျာ ဆန်း နေ သယောင်။

ဒါပေမဲ့ နှုတ်ခမ်း ပါး ကလေး တွေ အနည်း ငယ် ပြာ ချင် နေတာ မြင်တော့ သူ့ မှာ သူ့ ချစ် ဇနီးအလှ ကို အကြာကြီး ငေး မနေ နိုင်တော့ဘဲ အပေါ်ထပ် ကုတ် ကို ချွတ်ကာ သူမ ပုခုံး ပေါ် လွှမ်းကာ ခြုံ ပေး လိုက် သည်။

"မောင့်ကို ရိုက်တာ ဖြစ်ဖြစ် ၊ ငို တာ ဖြစ်ဖြစ် အိမ်ကျ မှ နှောင်း လုပ်ချင်တာ ဆက် လုပ် တော့ နော် ၊ ခု တော့ ပြန် ရအောင် ...လာ "

မောင် က နှောင်း ကို ပွေ့ ထူ ပြီး မေးဖျာ ချင်း ရိုက် ကာ အထက်ပါ စကား ကို ပြောလာ သည်။

"လာ... မောင် တို့ ပြန် ရအောင်၊ တုန် တောင် တုန် နေ ပြီ ကွာ၊ ဖျား တော့ မှာဘဲ "

နှောင်း က မောင် ခေါ် ဆောင်ရာ နောက် ပါလာ ခဲ့ ပြီး မောင် ဖွင့် ပေး တဲ့ ကား တံခါး ပေါ် တက် ဖို့ အလုပ် မောင်က ထုံးစံ အတိုင်း ကား အမိုး နဲ့ ခေါင်း နဲ့ တိုက်မိမှာ ဆိုး လို့ သူ့ လက် နဲ့ ကာ ပေး ထား တာ ကို ဘာ ရယ် မဟုတ် သတိထား မိလိုက်တယ်။

အမုန်းကမ်းပါးမှာ ပျိုးတဲ့ အချစ်လှိုင်းWhere stories live. Discover now