Ep ( 2 )

2.4K 146 2
                                    


အမုန်းတစ်ယောက်ဖုန်းမြည်သံကြောင့်ရေးလက်စစာကိုရပ်ပြီးဖုန်းကိုကောက်ကိုင်လိုက်လေသည် ၊၊

" ဟဲလို "

" ဟဲလို မုန်းဝတီမောင်မောင်လားခဗျာ "

" ဟုတ်ပါတယ် "

" ကျွန်တော်အမမှာထားတဲ့ကြက်ကြော်လေးလာပို့တာပါ အခုအမတို့ခြံရှေ့မှာရောက်နေပါပြီ "

" သြော် ဟုတ်ဟုတ်
အခုပဲထွက်လာခဲ့မယ်နော် "

အမုန်းလည်းအောက်ထပ်ကိုဆင်းပြီးအိမ်အကူကောင်မလေးကိုရှာနေလေသည် ၊၊

မီးဖိုချောင်တွင်အိမ်အကူကောင်မလေးအလုပ်ရှုပ်နေသည်ကိုမြင်သည်နှင့်ကိုယ်တိုင်သာထွက်ယူလိုက်လေသည် ၊၊

အမုန်းလည်းယူစရာရှိတာယူပြီးသည်နှင့်အိမ်ထဲသို့ပြန်ဝင်လိုက်လေသည် ၊၊

" မင်းခန့်ရေ . . မင်းခန့်
မမ ကြက်ကြော်မှာထားတာရပြီ
မမတို့အကြိုက်ဂျုံနဲ့ကပ်ကြော်ထားတာလေ "

ပုံမှန်ဆိုခေါ်သံကြားသည်နှင့်ရောက်လာအရပ်ကနေပြေးလာတတ်သည့်ကလေးဖြစ်ပေမယ့်တခုခုကိုမွှေနှောက်နေသည့်အချိန်တွင်မှုအသံတိတ်နေတတ်သည် ၊၊

အမုန်းလည်းမဝိုင်းဆီသို့သွားကာ
" မဝိုင်း "

" ရှင် မမလေး "

" မင်းခန့်ရော "

ဒီတော့မှအိမ်အကူကောင်မလေးဟာ
ကပျာကပျာဖြင့်
" ခုနကတောင် ဒီမှာရှိပါသေးတယ်
အခုလေးတောင် မင်းခန့်လေးကို ထမင်းချော့ကျွေးပြီး ပန်းကန်တွေဆေးကြောနေတာ "

အမုန်းတစ်စုံတစ်ခုကိုသတိရသွားသည်နှင့်လက်ထဲကကြက်ကြော်ဘူးကိုစားပွဲပေါ်ချပြီးကိုယ့်အခန်းရှိရာအပေါ်ထပ်သို့ပြေးတက်သွားလေသည် ၊၊

အခန်းတံခါးပွင့်နေပြီးသူမထင်ထားသည့်အတိုင်းပင်မောင်ဖြစ်သူဟာစားပွဲကရေးလက်စစာရွက်တွင်ရုပ်ပုံတွေလျှောက်ဆွဲနေလေသည် ၊၊

" မင်းခန့်မောင်မောင် "

မောင်ဖြစ်သူဟာအမုန်းကိုမြင်သည်နဲ့ကိုယ့်အပြစ်ကိုယ်မလုံလဲဖြစ်ကာအခန်းဝကအမုန်းကိုတွန်းဖယ်ပြီးအောက်ထပ်သို့ပြေးဆင်းလေသည်၊၊

Don't say  " I  Love You  "Where stories live. Discover now