အမုန်းတစ်ယောက်အိပ်ရာနိုးသည်နှင့်အပေါ်ကမျက်နှာကျက်ကိုမြင်ပြီးမျက်လုံးများပြူးကျယ်သွားလေသည် ၊၊
ထို့ကြောင့်အလန့်တကြားဆတ်ခနဲထထိုင်ပြီးနေရာစိမ်းဖြစ်သည့်အခန်းကိုခေါင်းလေးတလည်လည်နှင့်ကြည့်နေလေသည် ၊၊
သို့သော်ဘယ်လိုပဲစဥ်းစားစဥ်းစားထိုနေရာသို့ရောက်လာမှန်းစဥ်းစား၍မရပဲခေါင်းတွေသာပိုကိုက်လာသည် ၊၊ ထို့ကြောင့်နားထင်နှစ်ဖက်ကိုလက်ချောင်းလေးတွေဖြင့်ဖိနှိပ်နေတော့သည် ၊၊
" မင်းနိုးနေပြီလား "
ထိုအသံကြားသည်နှင့်အမုန်းလည်းလက်ကိုဖယ်လိုက်ပြီးအသံလာရာဆီသို့ခေါင်းလေးရောက်သွားလေသည် ၊၊
နွယ်လည်းကုတင်ခြေရင်းရှေ့တည့်တည့်ရပ်လိုက်ပြီး
" မင်းဒီကိုဘယ်လိုရောက်လာလဲဆိုပြီး
မေးခွန်းထုတ်နေတာမလား "အမုန်းလည်းထိုမျက်နှာစိမ်းအမျိုးသမီးကို
ခေါင်းလေးအမြန်ညိမ့်ပြရင်း
" ဟုတ် . . ဟုတ်ပါတယ် "နွယ့်လက်ကိုချက်ချင်းပိုက်လိုက်ရင်းမျက်နှာအနည်းငယ်တင်းမာကာ
" မင်းလိုကလေးမက အဖော်ဘာညာမပါပဲ
ဒီလိုအန္တရာယ်များတဲ့နေရာကိုသွားသင့်ရဲ့လား "ရုတ်တရတ်ကြီးအဆူခံရသည့်အတွက်အမုန်းမျက်နှာငယ်လေးဖြင့်
" ဝမ်းနည်းသွားလို့ပါ "" ဟမ် !! "
" ဟို . .
အမုန်းမနေ့ကအရမ်းဝမ်းနည်းသွားလို့
စိတ်နည်းနည်းလွတ်သွားပြီး
လုပ်မိလုပ်ရာလုပ်မိသွားတာပါ
နောက်မဖြစ်စေရပါဘူး "နွယ်လည်းတချက်လောက်ဟောက်လိုက်သည်နှင့်တောင်းပန်စကားတွေဆိုနေသည့်ကလေးမလေးကိုကြည့်ရင်းအကြိမ်ရေဘယ်လောက်များပြောနေကျမို့ပုံစံတကျနှုတ်ကထွက်လာမှန်းသိလိုက်လေသည်၊၊
ထို့ကြောင့်နွယ်လည်းထိုကလေးမလေးနားသွားပြီးကုတင်ပေါ်တွင်တင်ပါးလွဲထိုင်ကာမျက်နှာချင်းဆိုင်လိုက်လေသည် ၊၊
ထို့နောက်နွယ်ထိုကလေးမလေးလက်ကိုဆုပ်ကိုင်လိုက်ပြီး
" မရဘူး
မင်းအရမ်းဝမ်းနည်းနေရင်တောင်
မင်းတို့လိုမသိနားမလည်တဲ့အရိုင်းတုံးတွေက
ဒီနေရာမျိုးကိုခြေဦးတောင်မလှည့်သင့်ဘူး
မင်းတချက်မှားလိုက်တာနဲ့
ဝါးမျိုမို့စောင့်နေတဲ့သူတွေချည်းပဲ
နားလည်ရဲ့လား . . တို့ , ပြောတာတွေကို "

YOU ARE READING
Don't say " I Love You "
Romanceမင်း တို့ , နဲ့ အချိန်မရွေးပျော်ပါးလို့ရတယ် တို့ , ခန္ဓာကိုယ်ကို မင်းစိတ်ကြိုက်အပိုင်သိမ်းလို့ရတယ် တစ်ခုပဲ . . . ချစ်တယ် ဆိုတဲ့စကားတော့ မင်း လုံးဝ သုံးလို့မရဘူး . . . .