Ep (25)

3.2K 142 1
                                        

မနက်ဖြန်သမီးဖြစ်သူကိုကျောင်းအပ်မှာဖြစ်သော်လည်းအခုချိန်ထိအမုန်းမှာစာရွက်တွင်ချရေးထားသည့်ထိပ်တန်းကျောင်းတွေကိုရွေးရွယ်ရခက်လေသည် ၊၊

"  ဟယ်တော် !!
အခုကပဲရွေးပြီးပြီဆို မပြီးသေးပြန်ဘူးလား  "

လွန်ခဲ့သည့်တစ်ပတ်အလိုတည်းကထိုသို့ရွေးချယ်နေသည်မှာယနေ့ညအချိန်အထိမပြီးပြတ်သေးတာကြောင့်အမုန်းကိုကြည့်ရင်းနွယ်ခေါင်းခဲသွားလေသည် ၊၊

အမုန်းလည်းကုတင်ခေါင်းရင်းတွင်ကျောမှီကာဒူးထောင်ထားသည့်အပေါ်တွင်စာအုပ်ကိုတင်ပြီးဘောပင်လေးကိုကိုက်ရင်းဖြင့်
"  ရွေးတာတောာ့ ရွေးပြီးပြီ မမရယ်
အရွေးမှားမှာဆိုလို့
အခါအခါ ပြန်စဥ်းစားနေတာ  "

"  လုံလောက်ပြီ !!
အဲ့လောက်စဥ်းစားတာ လုံလောက်နေပြီ !!
ထပ်စဥ်းစားမနေနဲ့တော့  !!
မနက်မထနိုင်ပဲနေမယ် အိပ်စရာရှိအိပ်တော့  !! "
နွယ်ပြောပြီး စောင်စလေးကိုရင်ဘတ်နားထိဆွဲကာကျောပေးကာတဖက်သို့လှည့်သွားလေသည်၊၊

အမုန်းလည်းစာအုပ်လေးကိုစာပွဲပေါ်လှမ်းတင်ပြီးနွယ်ခြုံထားသည့်စောင်ကိုမ,ဝင်ကာကျောပေးအိပ်နိုင်သည့်နွယ့်ခါးလေးကိုဖက်ထားလိုက်လေသည် ၊၊

မနက်ခင်းသို့ရောက်သည်နှင့်အမုန်းတို့လည်းသမီးဖြစ်သူကိုကျောင်းသွားအပ်ကြလေသည် ၊၊အပြန်မှာတော့ကျောင်းအတွက်လိုအပ်သည့်ပစ္စည်းများကိုဝင်ဝယ်ကြလေသည် ၊၊

ထို့နောက်အိမ်သို့ပြန်ကြပြီးအနားယူကြလေသည်၊၊

"  သမီးလေး !!  "

" ရှင် !!  "

"  အန်တီလှလှကို
ဒီအိမ်မှာအမြဲခေါ်ထားချင်လား "

သမီးဖြစ်သူက Rapunzel ကားလေးကြည့်နေ
ရင်းဖြင့်အမုန်းဘက်သို့လှည့်ကာ
"  အန်တီလှလှက ဒီမှာပဲနေတာလေ "

"  အဲ့ဒါကခဏပဲလေ သမီး
   မိသားစုဝင်ဖြစ်မှာသာ
   တသက်လုံးတူတူနေသွားလို့ရမှာ  "

ထိုစကားကြောင့်သမီးဖြစ်သူမှာမျက်နှာလေးညှိုးသွားလေသည် ၊၊

Don't say  " I  Love You  "Where stories live. Discover now