ဒီနေ့စနေ့နေ့မို့မူကြိုပိတ်ရက်ဖြစ်သည်နှင့်မနက်ပိုင်းအိပ်ရေးဝအောင်အိပ်ကြပြီးနေ့ခင်းကျသမီးဖြစ်သူကိုပန်းခြံပို့ပေးကြလေသည် ၊၊
သမီးဖြစ်သူကပန်းခြံတွင်ဒန်းတွေစီးလိုက် ၊ လျှောတွေစီးလိုက်နှင့်ပျော်နေလေသည် ၊၊
ထို့နောက်သမီးကိုချစ်တဲ့ပရိတ်သတ်တွေကလည်းဓာတ်ပုံတွေလာရိုက်ကြလေသည် ၊၊
အမုန်းနဲ့နွယ်တို့ကတော့ခပ်လှမ်းလှမ်းမှာဖျာခင်းပြီးစကားတပြောပြောနှင့်ထိုင်နေကြလေသည်၊၊
ထိုစဥ်သမီးဖြစ်သူလျှောစီးချိန်အဆင်းတွင်ရပ်နေသည့်တစ်နှစ်ကျော်ကလေးနှင့်တိုက်မိလေသည် ၊၊ ထိုကလေးဖင်ထိုင်ရပ်ပြုတ်ကျခံနီးတွင်အဖေဖြစ်သူကချိုင်းကနေကိုင်မြှောက်ကာထိန်းလိုက်လေသည် ၊၊
" ပါးပါး !! "
ထိုအမျိုးသားကကလေးကိုမြင်သည်နှင့်
အကြည့်စူးစူးရဲရဲဖြင့်မျက်မှောင်ကိုကျုံ့ကာ
ကလေးရင်ဘတ်ကိုဆောင့်တွန်းလိုက်လေသည်၊၊အား !!!!
ဖင်ထိုင်ကျရက်ဖြင့်အဖေဖြစ်သူကိုမျက်နှာငယ်လေးဖြင့်ကြည့်နေလေသည် ၊၊
" ခလေးတစ်ယောက်လုံးရပ်နေတာ
နင်မမြင်ဘူးလား ဘာလို့ဆင်းလာတာလဲ !! "" မီးမီး မမြင်လိုက်လို့ပါ "
ထိုစဥ်အမုန်းနဲ့နွယ်လည်းထိုပြသနာဖြစ်နေသည်ကိုမြင်၍ပြေးလာကြလေသည် ၊၊
နွယ်ကတော့ကလေးကိုကောက်ချီလိုက်လေသည် ၊၊
" ဘုန်းပြည့် !!
နင်ငါ့သမီးကို ဘာလုပ်တာလဲ !! "ထိုအမျိုးသားကတစ်နှစ်ကျော်အရွယ်သားဖြစ်သူကိုချီရက်ဖြင့်
" နင့်သမီးကြောင့် ငါ့သားတခုခုဖြစ်တော့မလို့ "" ဒါအများပိုင်နေရာ
ခလေးတိုင်းဆော့ခွင့်ရှိတယ်
ကစားကွင်းဖြစ်သည့်အလျောက်
ထိမိခိုက်မိတာကတော့ရှိတာပဲ
နင်ဒီလောက်တောင်သည်းသည်းလှုပ်ဖြစ်နေလည်းနင့်သားနင်ဖန်ပေါင်းချောင်ထဲသာထည့်ထားလိုက်"
![](https://img.wattpad.com/cover/371259897-288-k251144.jpg)
YOU ARE READING
Don't say " I Love You "
Storie d'amoreမင်း တို့ , နဲ့ အချိန်မရွေးပျော်ပါးလို့ရတယ် တို့ , ခန္ဓာကိုယ်ကို မင်းစိတ်ကြိုက်အပိုင်သိမ်းလို့ရတယ် တစ်ခုပဲ . . . ချစ်တယ် ဆိုတဲ့စကားတော့ မင်း လုံးဝ သုံးလို့မရဘူး . . . .