Ep (17)

3.2K 168 4
                                        

သမီးဖြစ်သူရဲ့Happy World မှာကတဲ့ video လေးကအမှတ်မထင်ပဲ Tik Tok တစ်ခွင် Facebook New feed တစ်ခွင်ပြဲပြဲစင်ပင်ဖြစ်နေသည် ၊၊

ထို့ကြောင့်စီးပွားရေးလုပ်ငန်းရှင်များကသမီးဖြစ်သူနဲ့ကြော်ညာရိုက်ရန်အမုန်းဆီဆက်သွယ်လာကြသည် ၊၊

အမုန်းကတော့သမီးဖြစ်သူကကိုယ်ဖြစ်ချင်သည်ကိုရေရေရာရာမသိသေးတဲ့အရွယ်မို့အရွယ်ရောက်သည့်အခါမှသူဖြစ်ချင်သည့်လမ်းကြောင်းအပေါ် အပြည့်အဝပံ့ပိုးမည်ဟုရည်ရွယ်ထားသည် ၊၊ ထို့ကြောင့်လက်မခံပဲငြင်းပစ်လေသည် ၊၊ သို့သော်လည်းထိုစီးပွားရေးလုပ်ငန်းရှင်များကအမုန်းစိတ်ပြောင်းရင်ဆက်သွယ်ပေးပါဆိုပြီးဖုန်းနံပါတ်တွေထားခဲ့ကြလေသည် ၊၊

အလုပ်မအားသည့်ကြားကထိုကိစ္စတွေပြောနေရသည့်အတွက်ကြောင့်အလုပ်တွင်နှောင့်နှေးကုန်လေသည် ၊၊ ထို့ကြောင့်သမီးဖြစ်သူကိုကြိုဖို့ပါနောက်ကျနေလေသည် ၊၊

ထိုစဥ်ဖုန်းလာနေသည့်အတွက်ကြောင့်
📞 " ဟဲလို !! "

📞 " မင်း အတတ်ကလေးကို
လာမကြိုသေးဘူးလား
တစ်ကျောင်းလုံးတောင်ပြန်ကုန်ကြပြီ "

📞 " ကျူပ် နောက်ကျဦးမှာမို့
ခင်ဗျားအားရင် ကြိုပေးထားလို့ရမလား "

📞 " ဒါဆိုလည်း ဆရာမနဲ့ မင်းပြောလိုက်ဦး
တို့ , လွှဲပေးလိုက်မယ် "

နွယ်လည်းမိဘမဟုတ်ရင်မလွှတ်တဲ့ဘေးမှာအတူရပ်စောင့်နေပေးနေသည့်မူကြိုဆရာမဆီသို့ဖုန်းလေးလွှဲပေးလိုက်လေသည် ၊၊

သူတို့ချင်းစကားပြောပြီးသည်နှင့်ဆရာမလည်းနွယ့်ကိုကလေးခေါ်သွားခွင့်ပြုလိုက်လေသည် ၊၊

" မားမားနေမကောင်းလို့လား အန်တီလှလှ!! "

နွယ်လည်းကလေးကိုကားပေါ်တင်ပြီးထိုင်ခုံခါးပတ်ကိုပတ်ပေးရင်း
" မားမားကအလုပ်တွေများနေလို့
နည်းနည်းနောက်ကျမှာမို့လို့ အတတ်ကလေးရဲ့ "

ထိုကလေးကနှုတ်ခမ်းလေးဆူကာ
" ဟွန့် !! မားမားသနားပါတယ်
မီးမီးကြီးလာရင် မားမားကိုဝိုင်းလုပ်ပေးမှာ "

Don't say  " I  Love You  "Where stories live. Discover now