အဖိုးနေမကောင်းသည်ကိုသွားကြည့်ရန်အဖေဖြစ်သူကနေ့တစ်ဝက်ခွင့်ပေးသည်မို့အိမ်ပြန်ပြီးမောင်ဖြစ်သူကိုခေါ်ကာအဖိုးအိမ်သို့သွားကြလေသည် ၊၊
အဖိုးဖြစ်သူအခန်းသို့ရောက်သော်အဖိုးဖြစ်သူဆေးအရှိန်ကြောင့်အိပ်ပျော်နေသည်မို့အမုန်းလည်းလူကြီးတွေရှိသည့်အခန်းမှထွက်ခဲ့လေသည် ၊၊
ပြန်ပေး !! ပြန်ပေးလို့ပြောနေတယ်နော် !!
အမုန်းလည်းကလေးတွေရဲ့ဆူညံ့သံကြောင့်အပေါ်ထပ်သို့ပြေးတက်သွားလေသည် ၊၊
အပေါ်ထပ်သို့ရောက်သော်၁၂နှစ်အရွယ်မောင်ဖြစ်သူနဲ့၁၀နှစ်အရွယ်ညီမဝမ်းကွဲနဲ့စကားများပြီးဘီးကုတ်ကိုလုယက်နေကြသည်ကိုတွေ့ရလေသည် ၊၊
" ဘာဖြစ်နေကြတာလဲ !! "
" ဒီမှာပေါ့
ကိုကြီးမင်းခန့်ကသမီးရဲ့ဘီးကုတ်ယူသွားတာ "အမုန်းလည်းသက်ပြင်းလည်းချပြီး
လက်လေးဖြန့်ကာ
" မင်းခန့် !! အဲ့ဒီဘီးကုတ်ပြန်ပေးစမ်း "မောင်ဖြစ်သူကလည်းခေါင်းတခါတခါနှင့်အသာတကြည်မပေးပေ ၊၊
ထို့ကြောင့်အမုန်းလည်းမောင်ဖြစ်သူဆီကဘီးကုတ်ကိုလုယူလေသည် ၊၊
ဒီလိုနှင့်မောင်ဖြစ်သူနဲ့နှစ်ယောက်တူတူလုယက်ရင်းဘီးကုတ်ဟာကျိုးလို့သွားလေသည် ၊၊
ညီမဝမ်းကွဲကလည်းအမုန်းတို့လက်ထဲကဘီးကုတ်အပိုင်းအစကိုကြည့်ပြီးငိုကာအောက်သို့ပြေးဆင်းဖို့ပြင်လေသည် ၊၊
အမုန်းလည်းထိုကလေးဖြစ်သူလက်ကိုဆွဲကာဖမ်းတားပြီး
" မမပြန်ဝယ်ပေးမယ်နော်
အခုသွားဝယ်ကြမယ်
အဖိုးလည်းနေမကောင်းဖြစ်နေတာမို့
အန်တီနဲ့တော့ သွားမတိုင်ပါနဲ့ "ထိုကလေးကရုန်းကန်ပြီး
အမုန်းလက်ကိုပုတ်ချကာ
" တိုင်မှာပဲ
အဲ့အရူးလုပ်လိုက်တာ !!
အဲ့အရူးကောင်လုပ်လို့ . . . "ထိုကလေးစကားမဆုံးခင်မှာပဲ
အမုန်းဒေါသတကြီးဖြင့်
" ဘာ !!
နင်ငါ့မောင်ကိုဘယ်လိုပြောလိုက်တာလဲ "ထိုစဥ်မောင်ဖြစ်သူကအမုန်းခန္ဓာကိုယ်အကာကွယ်ကနေနေပြီးထိုကလေးကိုကြည့်ကာမခံမရပ်နိုင်ဖြစ်နေလေသည် ၊၊

YOU ARE READING
Don't say " I Love You "
Romanceမင်း တို့ , နဲ့ အချိန်မရွေးပျော်ပါးလို့ရတယ် တို့ , ခန္ဓာကိုယ်ကို မင်းစိတ်ကြိုက်အပိုင်သိမ်းလို့ရတယ် တစ်ခုပဲ . . . ချစ်တယ် ဆိုတဲ့စကားတော့ မင်း လုံးဝ သုံးလို့မရဘူး . . . .