" လာပြန်ပြီလား ဒီကိစ္စ
ဒီကိစ္စနဲ့ပတ်သတ်ပြီး အမုန်းပြောပြီးပြီ
အမုန်း ကိုဘုန်းပြည့်နဲ့
ဘယ်လိုမှလက်မထပ်နိုင်ဘူး "" ညည်းကိုရော အခုချက်ချင်းယူခိုင်းနေလို့လား လူငယ်ချင်းခင်မင်မှုယူထားဖို့
ထမင်းလေးအတူစားဖို့
အလုပ်ကိစ္စလေးအတူဆွေးနွေးဖို့
ရင်းရင်းနှီးနှီးနေဖို့ပြောနေတာလေ "" အထူးအဆန်းလုပ်ပြီး
ရင်းနှီးစရာလည်းမလိုဘူး
အကျိုးတူစီးပွားဖက်ကုမ္ပဏီမို့
ဒယ်ဒီသူငယ်ချင်းရဲ့သားမို့
အလုပ်ကိစ္စနဲ့မကြာမကြာ မြင်နေတွေ့နေကျ
အဆန်းတကြယ်မဟုတ်ဘူး "" ဒါအလုပ်အနေနဲ့တွေ့နေကြတာလေ
လူကြီးတွေက တွေ့ဆိုတွေ့လိုက်ပေါ့
ညည်းကဘာတွေ စောဒကတက်နေတာလဲ "" မာမီ နည်းနည်းလေးတောင်
အမုန်းကို ကိုယ်ချင်းမစာဘူးလား "" ငါကဘာကိုကိုယ်ချင်းစာရမှာလဲ "
" မာမီရော ဒယ်ဒီ့ကိုယူပြီး ပျော်ရွှင်ခဲ့ရလို့လား
မိဘတွေ စိတ်ချမ်းသာဖို့
မာမီရဲ့လေယာဥ်မယ်ဘဝကိုတောင်
စွန့်လွှတ်ခဲ့ရတာလေ
အဲ့အတွက် မာမီဘယ်လောက်ခံစားခဲ့ရလဲဆိုတာ
မာမီ အသိဆုံးပဲလေမာမီတို့တင်မကဘူး
မာမီတို့ကြားမှာ အမုန်းပါမြေစာပင်ဖြစ်ခဲ့ရတာ
မာမီတို့ရဲ့ အတ္တတွေကြောင့်
သမီးမိန်းကလေးအဖြစ် မွေးဖွားလာခဲ့တာက
အမုန်းအတွက် အပြစ်တခုဖြစ်ခဲ့ရတယ်ဘာမဟုတ်တဲ့အပြစ်အတွက်
မိဘမေတ္တာတောင် အပြည့်အဝမရခဲ့ရဘူးဒါပေမယ့်လည်း
ကလေးအသိဥာဏ်လေးနဲ့
ငါ့ရဲ့မောင်ကတော့
ငါ့မိဘတွေ လိုချင်တဲ့
ယောကျ်ားလေးမို့လို့
ဥာဏ်ရည်လည်းမမှီတာကြောင့်
အငယ်ဆုံးဖြစ်တာကြောင့်
ချစ်ကြတာပါလို့ မျိုးစုံဖြည့်တွေးပေးရင်း
ကိုယ်လည်း မိဘတွေရဲ့ အချစ်ကိုရဖို့
အမျိုးမျိုး ကြိုးစားခဲ့ရတာ "အမုန်းလည်းရင်ထဲဒဏ်ရာဒဏ်ချက်တွေကိုဆက်မပြောနိုင်တော့ပဲ အမေဖြစ်သူနဲ့စကားဝိုင်းမှထထွက်လာခဲ့သည် ၊၊

YOU ARE READING
Don't say " I Love You "
عاطفيةမင်း တို့ , နဲ့ အချိန်မရွေးပျော်ပါးလို့ရတယ် တို့ , ခန္ဓာကိုယ်ကို မင်းစိတ်ကြိုက်အပိုင်သိမ်းလို့ရတယ် တစ်ခုပဲ . . . ချစ်တယ် ဆိုတဲ့စကားတော့ မင်း လုံးဝ သုံးလို့မရဘူး . . . .