အမြင့်မှာပျံသန်းပါစေဆိုပြီးရင်နာနာနှင့်လွှတ်လိုက်ပေမယ့်ထင်သလောက်အမြင့်ကို
မရောက်ပဲဒဏ်ရာဒဏ်ချက်တွေနဲ့ဖြစ်သည်ကိုမြင်ရသည်မှာလွှတ်လိုက်သူ၏ရင်ကိုအထပ်ထပ်မွှန်းနေသလိုပင်ဖြစ်သည် ၊၊နွယ်တစ်ယောက်အိပ်မရသည်မို့စီးကရက်ကိုလက်ကြားညှပ်ကာတစ်လိပ်ပြီးတစ်လိပ်အငွေ့တထောင်းထောင်းထွက်အောင်သောက်ရင်းတစ်ခုလပ်ဆိုသည့်စကားကိုအထပ်ထပ်ကြားယောင်ကာမိမိကိုယ်ကိုယ်အပြစ်တင်ရင်း
ယူကြုံးမရဖြစ်နေလေသည် ၊၊Flash Back 💭💭
နွယ်လည်းအလုပ်သင်ကာလပြီးသည်နှင့်စိတ်ညစ်ညစ်ဖြင့်အမုန်းကိုမေ့မေ့ပျောက်ပျောက်ဖြစ်ရန် အဆောင်နေသူငယ်ချင်း၃ယောက်ထဲမှ ထိုင်းထွက်ရန်ပြင်နေသည့်သူငယ်ချင်း၁ယောက်နှင့်အောက်လမ်းကနေထိုင်းကိုထွက်ခဲ့လေသည်၊၊
ထိုင်းရောက်တော့နွယ်လည်းသူငယ်ချင်းရဲ့အချိတ်အဆက်အတိုင်းစက်ရုံမှာပဲအတူတူအလုပ်ဝင်လုပ်ခဲ့သည် ၊၊
သိပ်ပြိးမျိုးမျိုးမြတ်မြတ်တော့မရပေမယ့်တစ်ယောက်တည်းသမားဖြစ်သည်မို့အနည်းငယ်တော့စုမိဆောင်းမိလေသည် ၊၊
ထို့နောက်ထိုင်းရောက်ပြီး၄နှစ်အကြာမှာတော့အဆက်အသွယ်တခုနှင့်၂၇နှစ်ပြည့်တဲ့နေ့မှာပဲကလေးတစ်ယောက်ကိုအငှားကိုယ်ဝန်ဆောင်ပြီးမွေးခဲ့လေသည် ၊၊
အငှားကိုယ်ဝန်ဆောင်မည်ဟုဆက်သွယ်လိုက်သည်နှင့်တစ်ဆင့်ခံပွဲစားနှင့်ဆေးရုံကဆရာဝန်တွေကချိတ်ဆက်ပြီးသည်မို့ပထမဆုံးနွယ့်ကိုကျန်းမာရေးဆေးစစ်မှုလုပ်သည် ၊၊
ထို့နောက်ဆေးအောင်ပြီိဆိုသည်နှင့်ဆေးစစ်ချက်နဲ့အတူနွယ့်ပုံကိုဝါးပြီးကလေးမိဘတွေကိုပြလေသည် ၊၊ ကလေးမိဘတွေလက်ခံပြီဆိုသည်နှင့် ဆရာဝန်တွေကနွယ့်ကိုယ်ထဲကို
မမျိုးဥ နဲ့ သုတ်ပိုးတွေကိုထည့်လေသည် ၊၊တဖက်ကကလေးမိဘတွေလည်းမည်သူမည်ဝါမှန်းမသိရသလို ၊ ဘယ်နိုင်ငံကလည်းမသိရပေ ၊၊ထို့ပြင် ကလေးဟာယောကျ်ားလေးလား ၊
မိန်းကလေးလားဆိုတာလည်း နွယ်မသိခဲ့ရပေ ၊၊
YOU ARE READING
Don't say " I Love You "
Romanceမင်း တို့ , နဲ့ အချိန်မရွေးပျော်ပါးလို့ရတယ် တို့ , ခန္ဓာကိုယ်ကို မင်းစိတ်ကြိုက်အပိုင်သိမ်းလို့ရတယ် တစ်ခုပဲ . . . ချစ်တယ် ဆိုတဲ့စကားတော့ မင်း လုံးဝ သုံးလို့မရဘူး . . . .