Ep ( 8 )

2.1K 136 1
                                    

" ဒါဘယ်ကိုခေါ်လာတာလဲ ကလေးမ "

" မမအတွက် မွေးနေ့လက်ဆောင်လေ "

" ဟမ် !! "

နွယ်တစ်ယောက်ကြောင်အမ်းအမ်းဖြင့်ပတ်ဝန်းကျင်သစ်ကိုလေ့လာနေတုန်း
အမုန်းကတော့သင်တန်းကတာဝန်ရှိသူကို
" ဆုယမင်းနွယ် နာမည်နဲ့ စာရင်းသွင်းပြီး
ညကငွေလွှဲထားတဲ့သူပါ "

ထိုတာဝန်ရှိသူအမျိုးသမီးကစီစစ်ပြီးသည်နှင့်နွယ့်ကိုအတန်းသို့ခေါ်သွားဖို့ဟန်ပြင်နေချိန်
" မမ !! "

" ဟင် !! "

" သင်တန်းကအမုန်းရုံးဆင်းချိန်ထက်စောတာမို့မမဘာသာပြန်လို့ဖြစ်တယ်မလားဟင် "

" မင်းကတော့ တို့ , ကို အသိမပေးပဲ
စွတ်ဆတ်ကို လုပ်နေတော့တာပဲ "

" မမပဲ အမုန်းပြောသမျှလုပ်ပါမယ်ဆို "

နွယ်လည်းဘာမှဆက်မပြောနိုင်ပဲ တဇွတ်ထိုးဆန်တဲ့အမုန်းကိုမျက်စောင်းလေးသာထိုးပြီးနှုတ်ခမ်းလေးဆူလိုက်လေသည် ၊၊

အမုန်းကတော့ကျေကျေနပ်နပ်ကြီးပြုံးပြီးထမင်းစားချိန်ထွက်လာခဲ့သည်မို့ရုံးကိုပြန်၍အလျင်စလိုထွက်သွားလေသည် ၊၊

အမုန်းထွက်သွားသည်နှင့်နွယ်လည်းသင်တန်းကတာဝန်ရှိသူပေးတဲ့သင်ထောက်မှုစာအုပ်တွေနဲ့ Apronလေးကိုဝတ်ကာအတန်းမှာအဆင်သင့်ဖြစ်နေလေသည် ၊၊

မကြာမှီမှာဆရာရောက်လာသည်နှင့်အတန်းကမြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်သွားလေသည် ၊၊

ဆရာဖြစ်သူက ဦးစွာစာတွေ့သင်ကြားနေသည်မို့ဝါသနာပါလွန်းသည့်နွယ်ကလည်းစိတ်ဝင်တစားမလွတ်တမ်းမှတ်ကာလေ့လာနေလေသည် ၊၊

ညနေ၅နာရီသင်တန်းဆင်းသည်နှင့်နွယ့်ခြေလှမ်းတွေကသိပ်ကိုတက်ကြွပြီးယုံကြည်မှုအပြည့်ဖြစ်နေလေသည် ၊၊

ဒီနေ့ကြုံတွေ့ရသမျှကိုအခုချက်ချင်းပင်အမုန်းဆီဖုန်းဆက်ပြောချင်သော်လည်းသူမကြောင့်အလုပ်တွင်အနှောင့်အယှက်ဖြစ်မည်ကိုစိုးထိတ်မိသည် ၊၊

ထို့ကြောင့်နွယ်ခြေလှမ်းခပ်ကျဲကျဲတွေဖြင့်အိမ်ကိုသာပြန်ပြီးအမုန်းအလာကိုစောင့်ဖို့ပြင်လိုက်သည် ၊၊

Don't say  " I  Love You  "Where stories live. Discover now