Ep (23)

1.8K 121 0
                                    

ဒီနေ့ဟာမူကြိုကျောင်းဆင်းပွဲဖြစ်တာကြောင့်ကျောင်းတွင်လူစုံတက်စုံဖြင့်စည်ကားနေကြသည်၊၊

သမီးဖြစ်သူကတော့အမေတစ်ဖက် ၊
အဖေတစ်ဖက်လက်ကိုတွဲကာပျော်ရွှင်နေသည့်ကလေးတွေကိုအားကျစွာဖြင့်ငေးကြည့်နေသည်၊၊

အထူးသဖြင့်ဖခင်ရဲ့ဂရုစိုက်ခံရသည့်ကလေးတွေကိုကြည့်ပြီးအားငယ်စိတ်ဖြင့်မျက်ရည်လည်လာလေသည် ၊၊

ထို့ကြောင့်နွယ်လည်းဘေးကနေသမီးဖြစ်သူကိုဟိုပြောဒီပြောဖြင့်အာရုံလွှဲနေသည် ၊၊

သို့သော်လည်းသမီးဖြစ်သူမှာမျက်နှာငယ်လေး
ဖြင့်ဝမ်းနည်းအားငယ်နေလေသည် ၊၊

"  သမီးလေး  !!  "

အမုန်းရဲ့ခေါ်သံကြောင့်သမီးဖြစ်သူမှာအားကိုးတကြီးပြေးလာလေသည် ၊၊

ထို့နောက်သူမကိုချီထားသည့်အမုန်းရဲ့ကိုယ်ပေါ်တွင်မျက်ရည်တွေပေါက်ပေါက်ကျကာငိုကြွေးနေလေသည် ၊၊

အမုန်းလည်းသမီးရဲ့စိတ်ကိုသိတာကြောင့်ကုမ္ပဏီကအလုပ်တွေကိုပစ်ပြီးချက်ချင်းလိုက်လာခဲ့ခြင်းသာဖြစ်သည် ၊၊

အမုန်းထင်ထားသည့်အတိုင်းပင်သမီးလေးကထိုသို့ဖြစ်နေလေသည် ၊၊

ထို့ကြောင့်အမုန်းလည်းသမီးဖြစ်သူကိုချော့မော့ကာပွဲပြီးသည့်အထိရှိစေလေသည် ၊၊

-

ထိုနေ့မှစ၍သမီးဖြစ်သူရဲ့အပြုအမှုတွေဟာထူးဆန်းလာလေသည် ၊၊

သူမသိပ်ကြိုက်သည့်ပန်းရောင်နေရာတွင်အပြာရောင်တွေကိုအစားထိုးပူဆာလာလေသည် ၊၊

သူမသိပ်ကြိုက်သည့်ဂါဝန်နေရာတွင်ယောကျ်ားလေးတွေကြိုက်သည့် Superman အင်္ကျီတွေကိုအစားထိုးဝတ်လာလေသည် ၊၊

သူမသိပ်ကြိုက်သည့်ဝက်ဝံရုပ် ၊ ဘာဘီရုပ်လေး
တွေအစား ဘောလုံးတွေ ၊ ပြိုင်ကားတွေ ၊စက်ရုပ်တွေကိုဆော့လာလေသည် ၊၊

ဒီထက်ဆိုးတာကတော့မီးမီးဆိုသည့်နေရာတွင်သားသားဆိုသည့်နာမ်စားကိုပါသုံးလာလေသည်၊၊

Don't say  " I  Love You  "Where stories live. Discover now