သမီးဖြစ်သူကမီးဖိုချောင်ကနွယ့်ဆီတတောက်တောက်နှင့်လျှောက်လာလေသည် ၊၊
သူမနဲ့ကစားရန်နွယ့်ကိုလာခေါ်သော်လည်းနွယ့်ဆီတွင်ပို၍စိတ်ဝင်စားစရာကိုသူမတွေ့သွားလေသည်၊၊
ထိုကြောင့်မမှီတမှီနဲ့အားမရသည်မို့နွယ်ဘေးကခုံပေါ်တက်ကာမတ်တပ်ရပ်လိုက်လေသည်၊၊
ထိုနောက်စားပွဲပေါ်တွင်ပလုံစီနေသည့်ဂျုံမှုန့်တွေကြက်ဥတွေ ၊ဇလုံတွေ ၊မွှေစက်တွေကို
စိတ်ဝင်တစားကြည့်နေလေသည် ၊၊နွယ်လည်းအလုပ်ရှုပ်နေရင်းဖြင့်
" ဒီနေ့သမီးမားမားရဲ့မွေးနေ့လေ
မားမားအတွက် ကိတ်တူတူလုပ်ကြလား "သမီးဖြစ်သူကလည်းသူမသွားသေးသေးလေးတွေပေါ်အောင်ပြုံးရင်းခေါင်းလေးညိမ့်ပြလေသည် ၊၊
" ဒါဆိုအန်တီတို့ ကြက်ဥလေးတွေ အရင်ခွဲကြရအောင် !! "
နွယ်လည်းသမီးလေးလက်ကိုကိုင်ကာစတီးဇလုံထဲသို့ကြက်ဥလေးတွေကိုတူတူခွဲထည့်လိုက်လေသည်၊၊
ထို့နောက်အကာနဲ့အနှစ်တွေကိုသက်သက်စီခွဲလိုက်လေသည် ၊၊
သမီးဖြစ်သူရဲ့လက်လေးကိုကိုင်ကာကြက်ဥကိုမွှေပြီးဂျုံမှုန်အစရှိသည့်လိုအပ်သည့်အရာများကိုထပ်ကာမွှေပြန်သည် ၊၊
သမီးဖြစ်သူကလည်းနွယ်နဲ့တူတူတစ်ဆင့်ချင်းစီလိုက်လုပ်ရင်းကိတ်တစ်ခုအဖြစ်ရုပ်လုံးပေါ်လာသည့်အခါမှတော့နွယ်နဲ့အတူလက်ချင်းရိုက်ကာဝမ်းသာအားရအောင်ပွဲခံလိုက်ကြလေသည် ၊၊
ကိတ်လေးကတော့အမုန်းနဲ့သမီးဖြစ်သူတို့ရဲ့အကြိုက်ကိုရောစပ်ထားသည့်စတော်ဘယ်ရီချောကလက်ကိတ်လေးပင်ဖြစ်သည် ၊၊
နွယ်လည်းကိတ်ပြီးသည်နှင့်ချက်ပြုတ်စရာရှိသည်ကိုဆက်ပြီးချက်ပြုတ်လေသည် ၊၊
သမီးဖြစ်သူကလည်းနွယ့်အနားကမခွာပဲအတူလိုက်ပြီးချက်ပြုတ်လေသည် ၊၊
ဒီလိုနှင့်အမုန်းရဲ့ရုံးဆင်းချိန်ရောက်ခါနီးချိန်မှာတော့ကိတ်ရောဟင်းပွဲတွေပါအကုန်ပြီးသွားလေသည် ၊၊
YOU ARE READING
Don't say " I Love You "
Romanceမင်း တို့ , နဲ့ အချိန်မရွေးပျော်ပါးလို့ရတယ် တို့ , ခန္ဓာကိုယ်ကို မင်းစိတ်ကြိုက်အပိုင်သိမ်းလို့ရတယ် တစ်ခုပဲ . . . ချစ်တယ် ဆိုတဲ့စကားတော့ မင်း လုံးဝ သုံးလို့မရဘူး . . . .