Ep (26)

3.7K 144 0
                                        

ဒီနေ့ဟာသမီးဖြစ်သူရဲ့ကျောင်းစတက်သည့်နေ့ဖြစ်တာကြောင့်ကျောင်းတံခါးပေါက်ဝမှာလက်တပြပြနှင့်မခွဲချင်မခွာချင်ဖြစ်နေကြလေသည်၊၊

သို့သော်လည်းသမီးဖြစ်သူဟာပတ်ဝန်းကျင်အသစ်တွေနဲ့နေသားကျအောင်နေတတ်သူမို့ငိုယိုဂျီကျခြင်းမရှိပေ ၊၊ ထို့ကြောင့်စိုးရိမ်စိတ်တစ်ဝက်ကပြေလျော့ခဲ့လေသည် ၊၊

သမီးဖြစ်သူကိုကျောင်းပို့ပြီးအမုန်းလည်းစီစဥ်ထားသည့်အတိုင်းကားကိုမောင်းလာခဲ့သည် ၊၊

နွယ် ,ကားပြတင်းပေါက်ကနေအပြင်ကိုကြည့်ရင်း ကုမ္ပဏီကိုသွားနေသည့်လမ်းကြောင်းမဟုတ်တာကြောင့်
"  ဒါဘယ်ကိုမောင်းနေတာလဲ !!
မင်း , လမ်းမှားနေပြီ  ကလေးမ !!  "

အမုန်းကတော့ဘာမှပြန်မပြောပဲနှုတ်ခမ်းတဖက်လေးတွန့်ချိုးကာကားကိုဆက်မောင်းနေသည်၊၊

"  တို့ , ပြောတာကြားရဲ့လား
မင်း လမ်းမှားနေပြီလို့  !!  "

အမုန်းဘက်ကတိတ်ဆိတ်နေတာကြောင့်နွယ်အသဲတယားယားဖြင့်ဒေါသထွက်လာလေသည် ၊၊

ဒီလိုနဲ့သန်လျင်တံတားကိုကျော်လိုက်သည့်အခါမှာတော့အမုန်းဘယ်သို့သွားနေမှန်းနွယ်သဘောပေါက်လိုက်သည် ၊၊

" ကုမ္ပဏီကရော !!  "

အမုန်းတစ်ယောက်ပြုံးစိစိဖြင့်
" ဒီနေ့တစ်ရက်မသွားတော့ဘူးလေ  "

နွယ် , ခေါင်းလေးခါရမ်းပြီး
"  မင်းကတော့လေ
လုပ်ချင်တာတွေ လုပ်နေတော့တာပဲ   "

အမုန်းလည်းပြုံးရင်းကုလားဝဲရွာဘက်သို့ဆက်လက်ပြီးမောင်းလာလေသည် ၊၊

ခဏကြာတော့တစ်ချိန်ကအမှတ်တရတွေရှိခဲ့
သည့်အိမ်ငယ်လေးသို့ရောက်လာကြသည် ၊၊

ကားပေါ်ကဆင်းလာသည်နှင့်နွယ်ဟာထိုအိမ်လေးကိုမော့ကြည့်ရင်းအရင်အချိန်တွေပြန်တွေးတောနေလေသည် ၊၊

"  ဝင်ရအောင်လေ မမ !! "

အိမ်ထောင်ကျပြီးသမီးဖြစ်သူငယ်သေးသည့်အချိန်ထိအမုန်းထိုအိမ်လေးဆီမကြာမကြာလာဖြစ်လေသည် ၊၊

Don't say  " I  Love You  "Where stories live. Discover now