ဒီနေ့ဟာစာမေးပွဲအတွက်ခွင့်ယူပြီးရုံးပြန်တက်စဖြစ်တာမို့အလုပ်တွေမှာတောင်လိုပုံနေလေသည်၊၊ ပိုဆိုးသည်မှာဒီနေ့ဟာနွယ်ရဲ့မွေးနေ့ဖြစ်သည်မို့ အမုန်းမှာဘေးကျပ်နံကျပ်ဖြစ်နေရသည် ၊၊
အစည်းအဝေးခန်းတွင်အလုပ်အပေါ်အာရုံမရောက်ပဲလက်ကနာရီကိုတကြည့်ကြည့်နှင့်အာရုံတွေထွေပြားနေသည့်အမုန်းတစ်ယောက်အဖေဖြစ်သူရဲ့အကြည့်စူးစူးရဲရဲတွေကိုမြင်မှသတိကိုအမြန်ပြန်ကပ်ရလေသည် ၊၊
Meeting ပြီးသော်လည်း မပြီးပြတ်သေးတဲ့အရေးတကြီးကိစ္စအတွက် OT ပါဆက်ဆင်းရမည်ဟုအကြောင်းဖန်လာသဖြင့် အမုန်းလည်းမတတ်နိုင်ပေ ၊၊
၉နာရီခွဲကျော်တွင်အလုပ်တွေပြီးသည်နှင့်အမုန်းလည်းကုမ္ပဏီကနေအမြန်ဆင်းပြီးကိတ်ဆိုင်ဆီသို့မောင်းထွက်လာလေသည် ၊၊
လူသူမရှိတော့သည့်ဆိုင်ထဲသို့ဝင်ပြီးဆိုင်သန့်ရှင်းတွေလုပ်နေသည့်ဝန်ထမ်းကိုအကျိုးအကြောင်းပြောပြီးမှာထားသည့်မွေးနေ့ကိတ်လေးကိုအပြေးအလွှားရအောင်ယူလိုက်လေသည် ၊၊
ထို့နောက်အမုန်းလည်းနွယ်ဆီဖုန်းဆက်လေသည်၊၊ အခေါက်ပေါင်းများစွာဆက်သော်လည်းကိုင်သူမယ့်နေသော်ကြောင့်နွယ့်တိုက်ခန်းဆီပဲထွက်လာလိုက်လေသည် ၊၊
နွယ့်တိုက်ခန်းသို့ရောက်သော်လည်းသော့တွေမှာပိတ်ထားလို့နေသည် ၊၊ အမုန်းလည်းသက်ပြင်းလေးချပြီးလှေကားထစ်မှာပဲထိုင်ချလိုက်လေသည်၊၊
ထို့နောက်ရလိုရငြားနွယ့်ဆီဖုန်းထပ်ခေါ်လေသည်၊၊
ကံကောင်းထောက်မစွာဖြင့်တဖက်ကဖုန်းကိုင်လိုက်ပေမယ့်နွယ့်ဆီကရမ္မက်ငြီးငြူသံတွေကြောင့်အမုန်းတစ်ယောက်ရင်ထဲအောင့်သက်သက်ဖြစ်သွားလေသည် ၊၊
အမုန်းလည်းမကြားလိုတာကြောင့်ဖုန်းကိုအမြန်ချလိုက်ပြီးမိမိကိုယ့်ကိုသာအပြစ်တင်မိလေသည်၊၊
ဒီနေ့ဟာသူမနဲ့တွေ့ပြီးမှအတူရှိရသည့်တစ်နှစ်မှာတစ်ခါကျရောက်သည့်မွေးနေ့မှာနွယ်ရဲ့ငယ်ဘဝကအနာတရတွေကွက်လပ်တွေကိုဒီနေ့မှာတူတူဖြည့်စွက်ချင်ပေမယ့်အမုန်းဟာဖြည့်စည်းခွင့်မရလိုက်ပေ ၊၊
YOU ARE READING
Don't say " I Love You "
Romanceမင်း တို့ , နဲ့ အချိန်မရွေးပျော်ပါးလို့ရတယ် တို့ , ခန္ဓာကိုယ်ကို မင်းစိတ်ကြိုက်အပိုင်သိမ်းလို့ရတယ် တစ်ခုပဲ . . . ချစ်တယ် ဆိုတဲ့စကားတော့ မင်း လုံးဝ သုံးလို့မရဘူး . . . .