Ep ( 5 )

2.4K 149 1
                                    


" ခင်ဗျား အခုကျူပ်နဲ့လိုက်ပေးနိုင်မလား
တစ်ပတ်ကျော်ကျော်လောက်လေ "

" ဘယ်ကိုလဲ ကလေးမရဲ့ "

" သန်လျင်ဘက် "

" ဘာလုပ်မို့လဲ ??? "

မေးခွန်းတွေများနေသည်မို့အမုန်းတစ်ယောက်စိတ်မရှည်တော့ပဲ ကျွတ်စ်တချက်သပ်ကာ
" ကျူပ်စာမေးပွဲဖြေရမှာမို့ အဲ့မှာသွားနေမို့ "

" ဟမ် !! ဘာစာမေးပွဲတုန်း "

" ပထမနှစ် စီးပွားရေး "

" သြော် !! "

" အဲ့လောက်ရှည်ဝေးမနေနဲ့
အလုပ်သဘောအရ
ကိန်းဂဏန်းတစ်ခုသာ သတ်မှတ်လိုက် "

ချက်ချင်းဆိုသလိုနွယ်လည်းပိုက်ထားသည့်လက်ကလေးကိုဖြုတ်လိုက်ပြီး
" တိတ်စမ်း !! ကလေးမ
မင်းနဲ့တို့,ကြားမှာ အဲ့စကားပြောဖို့လိုလို့လား "

ထို့နောက်နွယ်လည်းအခန်းထဲသို့ထသွားလေသည် ၊၊

အမုန်းတစ်ယောက်လည်းစိတ်မြန်လက်မြန်နှင့်ပြောချင်ရာပြောမိပြီးအားနာသွားလေသည် ၊၊

ခဏကြာသော် . . .

" ကဲ !! ထသွားမယ် "

ထိုအသံနှင့်အတူခရီးဆောင်အိတ်ငယ်လေးနှင့်အခန်းထဲမှထွက်လာသည်ကိုနွယ်ကိုမြင်မှအမုန်းတစ်ယောက်ပြုံးနိုင်တော့သည် ၊၊

" ကားကြီးကကောင်းလှချည်လား
တို့ , တစ်သက် ဒါ ပထမဦးဆုံးစီးဖူးတာပဲ "

ကားထဲရောက်သည်နှင့်ထွက်လာသည့်နွယ့်စကားကြောင့်အမုန်းလည်းပြုံးပြီး
" ကျူပ်လည်း ကျူပ်မောင်လေးကလွဲ
ပထမဆုံး တခြားတစ်ယောက်ကိုတင်ဖူးတာပဲ "

ထို့နောက်သီချင်းသံအေးအေးလေးနဲ့စထွက်ကြလေသည် ၊၊

သန်လျင်တံတားရောက်သည်နှင့်အမုန်းလည်းကားအမိုးကိုဖွင့်ချလိုက်လေသည် ၊၊

ထိုသည်ကိုနွယ်ဟာပါးစပ်လေးအဟောင်းသား
ဖြင့်လေထုထဲလက်နှစ်ဖက်ထောင်မြှောက်ကာ
သိပ်ကိုသဘောကျနေလေသည် ၊၊

အမုန်းလည်းဘေးကထိုင်နေသည့်နွယ့်အပြုံးတွေကြောင့်ထပ်တူပျော်နေလေသည် ၊၊

Don't say  " I  Love You  "Where stories live. Discover now