Ep (13 )

3.4K 169 3
                                        

" သမီးဖြစ်သူကဒီလောက်အနာတရတွေ
ပြောပြထားတာတောင်မှ
အတင်းကိုရှေ့ဆက်တိုးနေတော့တာပဲ "

" တဖက်ယောကျ်ားလေးကတောင်
မိဘကဒါဆိုဒါပဲ
ညည်းကမိန်းကလေးဖြစ်ပြီး
ဘာတွေအထွန့်တက်နေတာလဲ "

" သူကသူ အမုန်းကအမုန်းပဲ
မည်သူမည်ဝါရဲ့သားသမီးဖြစ်ဖို့ကို
ရွေးချယ်ခွင့်မရှိ မွေးဖွားလာပေမယ့်
မည်သူမည်ဝါရဲ့ ဇနီးမယားဖြစ်ဖို့ကိုတော့
အမုန်းစိတ်ကြိုက်ရွေးချယ်ခွင့်ရှိတယ် မာမီ "

" မောင်ဘုန်းပြည့်လောက်အဖက်ဖက်ကပြည့်စုံတဲ့လူမျိုး ညည်းရှာကြည့်လိုက်
ညည်းထမင်းထုပ်တောင်သိုးသွားလိမ့်မယ် "

" သူ့သူဘယ်လောက်ပဲပြည့်စုံစုံ
အမုန်းမှသူ့ကိုမချစ်တာ "

" အချစ်တွေဘာတွေ ကြီးကြီးကျယ်ကျယ်တွေ
ပြောနေရအောင် ညည်းမှာချစ်သူရှိနေပြီလို့လား"

ချစ်သူ !! ချစ်သူဆိုသည့်စကားမှာ အမုန်းပြောစရာစကားမရှိအောင်ဆွံ့အသွားလေသည် ၊၊
ချစ်သူဆိုပြီးလက်တွဲရင်ဆိုင်ရအောင်တဖက်သူကလည်းချစ်သူဆိုတဲ့နေရာတခုတောင်သူမကို
မပေးထားပေ ၊၊

ထို့ကြောင့်အမုန်းမှာအမေဖြစ်သူရဲ့စကားတွင်စကားတွေပျောက်ဆုံးသွားရလေသည် ၊၊

တဖက်တွင်လည်း    .       .      .

အမုန်းဖြေထားသည့်စာမေးပွဲအောင်တာကြောင့်
အမုန်းကိုဂုဏ်ပြုသည့်အနေဖြင့်အမုန်းကြိုက်တဲ့မုန့်လေးတွေနွယ်လုပ်ပြီးစောင့်နေလေသည် ၊၊

အမုန်းရောက်လာတော့ နွယ်ကဝမ်းသာအားရ
ဖြင့်ကြိုသော်လည်းအမုန်းကတော့မျက်နှာမကောင်းပေ ၊၊

နွယ်မြင်ပေမယ့်ဘာမှမမေးပဲအမုန်းလက်ကိုဆွဲကာမီးဖိုချောင်ထဲသို့ခေါ်သွားလေသည် ၊၊

ထို့နောက်နွယ်ကသူမကိုယ်တိုင်ပြင်ဆင်ထား
သည့်မုန့်လေးတွေကိုအမုန်းကိုဝမ်းသာအားရပြနေလေသည် ၊၊

အမုန်းလည်းမျက်နှာမသာမယာဖြင့်ခုံမှာဝင်ထိုင်လိုက်လေသည် ၊၊

Don't say  " I  Love You  "Where stories live. Discover now