Ep (12)

2K 119 1
                                    

သင်တန်းပြီးတော့နွယ်လည်းသင်တန်းရဲ့အဆက်အသွယ်နဲ့ကော်ဖီနဲ့ကိတ်ဆိုင်လေးမှာအလုပ်သင်ဝန်ထမ်းအဖြစ်အလုပ်ရလေသည် ၊၊

တနင်္ဂနွေမှာတော့ အိမ်မှာမုန့်လေးတွေလုပ်ပြီး deliver သမားနဲ့ ချိတ်ကာမုန့်လေးတွေရောင်းဖြစ်သည် ၊၊

အလုပ်ဆင်းချိန်အိမ်ပြန်ချိန်ရောက်မှနွယ်လည်းမိမိဖုန်းအသံကိုsilent ထားသည်ကို ပြန်ဖွင့်ရတော့သည် ၊၊

ထိုစဥ်အဆောင်နေသူငယ်ချင်းရဲ့ missed call တွေနှင့် message ကိုတွေ့လေသည် ၊၊

📩 နွယ်ရေ နင့်ကလေးမ ရောက်လာတာမို့
ငါတို့လည်း တံခါးဖွင့်ပေးလိုက်တယ်
နင့်ကလေးက ဖျားနေတဲ့ပုံပဲသိလား
ငါတို့လည်း ဆိုင်သွားဖို့ရှိတော့
သူ့ကိုလည်း မပြုစုပေးနိုင်ဘူး
နင့်အခန်းမှာပဲ သူ့ကိုပေးအိပ်ထားလိုက်တယ် 📩

နွယ်လည်းစာကိုဖတ်ပြီးသည်နှင့်ကပျာကပျာ
ဖြင့်ဘစ်စကားစီးပြီးဝယ်စရာရှိတာဝယ်၍အိမ်ကိုအမြန်ပြန်လေသည် ၊၊

အိမ်ရောက်တာနဲ့နွယ်လည်းအခန်းထဲအမြန်သွားပြီးအမုန်းအခြေအနေကိုစိုးရိမ်တကြီးကြည့်လေသည် ၊၊

အယ် !! ကိုယ်တွေကပူကျစ်နေတာပဲ !!

" ကလေးလေး !! "
နွယ်လည်းအမုန်းကိုခေါ်ရင်းလက်မောင်းလေးကိုကိုင်ကာလှုပ်နှိုးနေလေသည် ၊၊

အာ !! ဒုခပါပဲ
ဆရာဝန်တွေနဲ့ကလည်း အဆက်သွယ်ကမရှိဘူး
နေပါဦး ဒီနေ့တော့
အဖျားကျအောင် အရင်လုပ်ပြီး
ဆန်ပြုတ်လေးနှိုးကျွေးပြီး ဆေးတိုက်ရမယ်

နွယ်ကိုယ့်ဘာကိုယ်ရေရွတ်ပြီးကော်ဇလုံထဲရေထည့်ပြီးဗီဒိုထဲကတဘက်အသစ်လေးကိုထုတ်ကာရေထဲနှစ်လိုက်လေသည် ၊၊

ထို့နောက်သူမကလေးမလေးရဲ့အင်္ကျီနဲ့ဘောင်းဘီတွေကိုချွတ်ပြီး ရေထဲကတဘက်ကိုရေညှစ်ကာရေပတ်တိုက်ပေးနေလေသည် ၊၊

ရေပတ်တိုက်ပြီးသည်နှင့်အိမ်နေရင်း
ချည်သားအင်္ကျီဝမ်းစက်ကိုထုတ်ကာဝတ်ပေးလိုက်လေသည် ၊၊

အမုန်းဟာဖြူဖြူသေးသေးသွယ်သွယ်လေး
ဖြစ်တာကြောင့်အင်္ကျီကအနည်းငယ်ပွပြီးဘောင်းဘီမှာရှည်နေလေသည် ၊၊

Don't say  " I  Love You  "Where stories live. Discover now