အမုန်းခေါင်းတချက်ညိမ့်လိုက်သည်နှင့်နှစ်ဖက်မိဘတွေကဝမ်းသာအားရဖြင့်မင်္ဂလာပွဲကိုကျင်းပကြလေသည် ၊၊
မိဘတွေပေးစားသည့်အိမ်ထောင်ရေးဖြစ်တာကြောင့်အစပိုင်းကတော့ဘုရင်မသဖွယ်ဖူးဖူးမှုတ်ပင်ဖြစ်ကြသည် ၊၊
၁၉နှစ်နဲ့အိမ်ထောင်ပြုရသည့်အပြင် ၊ မချစ်မနှစ်သက်သူနဲ့အတူနေရသည်မို့အိမ်ထောင့်တာဝန်ကိုတော့အမုန်းတာဝန်မယူနိုင်ပေ ၊၊ အမြဲအလိုလိုကုမ္ပဏီအလုပ်တွေနဲ့သာလုံးပန်းနေသည်မို့ အိမ်မှုကိစ္စအားလုံးကိုအိမ်အကူနဲ့သာမျက်နှာလွှဲထားလေသည် ၊၊ ထို့ကြောင့်နောက်ပိုင်းတွင်ခင်ပွန်းဖြစ်သူနဲ့အချင်းများလာကြလေသည် ၊၊
ဒီထက်ဆိုးသည့်ပြသနာကတော့အမုန်းဟာကိုယ်ဝန်မဆောင်နိုင်သည့်ပြသနာပင်ဖြစ်သည် ၊၊
ထို့ကြောင့်အငှားကိုယ်ဝန်ဆောင်နဲ့ခက်ခက်ခဲခဲ
ကလေးကိုမွေးခဲ့ရသည် ၊၊သို့သော်တရုတ်လူမျိူးတွေဖြစ်တာတကြောင်း ၊ ကုမ္ပဏီလုပ်ငန်းတွေကိုဦးဆောင်နိုင်သူမှာ
ယောကျ်ားလေးဖြစ်ရမည်ဟူသောအစွဲတကြောင်းဖြစ်သည်မို့ ခက်ခက်ခဲခဲနှင့်မွေးလာရ
သည့်ကလေးဟာမိန်းကလေးဖြစ်သည်မို့အားလုံးကသဘောမတွေ့ကြပေ ၊၊ထိုအကြောင်းပြချက်နှင့်ခင်ပွန်းဖြစ်သည်ကဖောက်ပြန်လေသည် ၊၊ အမုန်းလည်း
သမီးမျက်နှာကြောင့်သည်းခံခဲ့ပေမယ့်အငယ်အနှောင်းနှင့်သားတစ်ယောက်ရလာတဲ့အချိန်မှာတော့အမုန်းဟာကွာရှင်းခဲ့လေသည် ၊၊အမုန်းဟာမည်သူ့ဆီကအချစ်မခံရသည့်
သမီးဖြစ်သူကိုဒုတိယအမုန်းမဖြစ်အောင်ရှိသမျှအချစ်တွေပုံအောပြီးချစ်လေသည် ၊၊
ဒါ့အပြင်သမီးလေးဟာသူမချစ်တဲ့သူနဲ့
တိုက်တိုက်ဆိုင်ဆိုင်မွေးနေ့တူတာတောင်ပိုလို့တောင်အချစ်တိုး၍ချစ်ရလေသည် ၊၊" မားမား !! "
သမီးဖြစ်သူရဲ့အသံကြောင့်သောက်လက်စအရက်ခွက်ကိုနှုတ်ခမ်းနားကဖယ်ပြီးသမီးဖြစ်သူကိုကြည့်လိုက်လေသည် ၊၊
သမီးကိုမြင်သည်နှင့်အမုန်းလည်းအရက်ခွက်ကိုစားပွဲမှာချကာကပျာကပျာသမီးဖြစ်သူကိုပေါင်ပေါ်ဆွဲတင်လိုက်လေသည် ၊၊
YOU ARE READING
Don't say " I Love You "
Romanceမင်း တို့ , နဲ့ အချိန်မရွေးပျော်ပါးလို့ရတယ် တို့ , ခန္ဓာကိုယ်ကို မင်းစိတ်ကြိုက်အပိုင်သိမ်းလို့ရတယ် တစ်ခုပဲ . . . ချစ်တယ် ဆိုတဲ့စကားတော့ မင်း လုံးဝ သုံးလို့မရဘူး . . . .