မနက်ဖြန်သမီးလေးရဲ့၄နှစ်ပြည့်မွေးနေ့ဖြစ်သည်၊၊ သို့သော်မူကြိုဖွင့်ရက်နှင့်ရုံးဖွင့်ရက်ဖြစ်တာကြောင့်တနင်္ဂနွေနေ့ဖြစ်သည့်ဒီနေ့မှာပဲမနက်ဖြန်အစားအပြင်လျှောက်လည်ကြလေသည်၊၊
ရွှေတိဂုံဘုရားအရင်တက်မည်ဖြစ်တာကြောင့်သားအမိနှစ်ယောက်ဆင်တူမြန်မာအင်္ကျီလေးကိုဝတ်ကြလေသည် ၊၊
ဘုရားပေါ်ရောက်သည်နှင့်သမီးလေးရဲ့မွေးနံဖြစ်သည့်သောကြာနာမ်ထောင့်ကိုအရင်ရှာရလေသည်၊၊
သမီးလေးရဲ့မွေးနာမ်ထောင့်ကိုတွေ့သည်နှင့်သားအမိနှစ်ယောက်အတူတူဘုရားရှိခိုးကြပြီးသမီးလက်ထဲကဝယ်လာသည့်ဘုရားပန်းကိုဘုရားပန်းအိုးတွင်ဆပ်ကပ်လှူဒါန်းလိုက်သည် ၊၊
ထို့နောက်သမီးလေးကမမှီတမှီနဲ့ဘုရားကိုရေသပ္ပါယ်လေသည် ၊၊ အမုန်းကတော့ဆံပင်ကျစ်ဆံမြှီးလေးနှင့်မြန်မာအင်္ကျီလေးဖြင့်ချစ်စရာကောင်းနေသည့်သမီးလေးကိုအမှတ်တရဓာတ်ပုံလေးတွေရိုက်ပေးနေလေသည် ၊၊ လူတွေကလည်းသမီးဖြစ်သူကိုပြုံးကြည့်ပြီးသဘောကျနေကြလေသည် ၊၊
ဘုရားပေါ်ကဆင်းသည်နှင့်သမီးဖြစ်သူသွားချင်သည့် Happy World သို့သွားကြလေသည်၊၊
ကစားကွင်းဖြစ်တာကြောင့် သမီးဖြစ်သူလွတ်လွတ်လပ်လပ်ဆော့လို့ရအောင် toilet တွင် ပန်းရောင်တီရှပ်နှင့် ဂျင်းဘောင်းဘီတိုကိုလဲဝတ်ပေးလိုက်လေသည် ၊၊
ရှေ့ဦးစွာသမီးရဲ့ဆွဲခေါ်သွားမှုဖြင့်လက်မှတ်ဖြတ်ကာမိုးပျံရထားကိုသမီးနဲ့တူတူစီးရလေသည် ၊၊ ထို့နောက်သမီးကအမုန်းလက်လေးကိုဆွဲပြီးပင်လယ်ဓားပြကိုတူတူစီးရန်ပူဆာသည်မို့တူတူစီးရပြန်သည် ၊၊
ထပ်ပြီးသမီးက Dance Game ကိုတူတူကရန်ပူဆာပြန်လေသည် ၊၊
" အဲ့ဒါတော့မားမားလည်းမကတတ်ဘူး
သမီးကတတ်ရင် သမီးဘာ့သာကလေ "လုပ်ချင်သည်ကိုလုပ်ရမှကျေနပ်သည့်
သမီးဖြစ်သူက
" ဟီးးးးး ဒါဆိုမီးမီးဘာ့သာပဲကမယ်လေ "သမီးဖြစ်သူကပြေးပြီးကရန်နေရာယူလိုက်သည်မို့အမုန်းလည်းလက်မှတ်ဖြတ်လိုက်လေသည် ၊၊ဒါနဲ့ပဲHappy World ကဝန်ထမ်းဖြစ်သည့်ကောင်လေးက သမီးလေးကအရင်သင်ပြပြီးသမီးနဲ့တူတူကပေးလေသည် ၊၊
YOU ARE READING
Don't say " I Love You "
Romanceမင်း တို့ , နဲ့ အချိန်မရွေးပျော်ပါးလို့ရတယ် တို့ , ခန္ဓာကိုယ်ကို မင်းစိတ်ကြိုက်အပိုင်သိမ်းလို့ရတယ် တစ်ခုပဲ . . . ချစ်တယ် ဆိုတဲ့စကားတော့ မင်း လုံးဝ သုံးလို့မရဘူး . . . .