၁၈နှစ်ခန့်ကြာသော် . . . .
" သမီး !! "
" ဘယ်သူလဲမသိဘူးရှင့် !! "
" ပါးပါးပါ သမီးရယ် !! "
" အဟက် !! ပါးပါးတဲ့လား !!
ကျွန်မဘဝမှာအဖေဆိုတာ
ဘယ်တုန်းကမှမရှိခဲ့ဘူး
ကျွန်မကို သိပ်ချစ်တဲ့
အမေနှစ်ယောက်ပဲရှိတယ် "" နေပါဦး သမီးရယ် !! "
" ကျွန်မလက်ကိုလွှတ်စမ်းပါ !!
အခုမှ အဖေသိပ်တော်ချင်မနေနဲ့
ထွီး !! ရွံစရာကောင်းလိုက်တာ "" ခဏလေးပါ သမီးရယ်
ပါးပါး တောင်းပန်ပါတယ်
သမီးကူညီမှ ဖြစ်မှာမို့လို့ပါ "ကုမ္ပဏီကားပါကင်တခုတွင် ပန်းရောင် suit ကိုဝတ်ထားသည့် အသားဖြူဖြူပိန်ပိန်ပါးပါးအရပ်ရှည်ရှည် wavy hair နှင့်၂၃နှစ်အရွယ်မိန်းမပျိုလေးတစ်ဦးနှင့်အမျိုးသားတစ်ဦးတို့ဆွဲကာလွဲကာဖြင့်စကားအချေအတင်ပြောဆိုနေကြသည် ၊၊
ထိုမိန်းမပျိုလေးရဲ့အမည်မှာဆုဝတီမောင်မောင်ဖြစ်ပြီးအမေဖြစ်သူမုန်းဝတီမောင်မောင်
၏ကုမ္ပဏီကိုဦးစီးဦးဆောင်လုပ်ပြီးစီးပွားရေးနယ်ပယ်တစ်ခုတွင်နာမည်ကျော်ကြားနေသောထက်မြတ်သည့်အမျိုးသမီးငယ်ပင်ဖြစ်သည် ၊၊ဆုဝတီမောင်မောင်နှင့်အငြင်းအခုန်စကားအချေအတင်ပြောနေသည်မှာအဖေဖြစ်သူဦးဘုန်းပြည့်ပင်ဖြစ်သည် ၊၊
ဦးဘုန်းပြည့်၏ကုမ္ပဏီမှာဒေဝါလီခံလုနီးပါးအခြေအနေဖြစ်ပြီးသားဖြစ်သူမှာမူးယစ်ဆေးမှုဖြင့်ထောင်ကျသွားပြီးဂျင်ထဲဂျက်ထဲအခြအနေပင်ဖြစ်နေသည် ၊၊
ထို့ကြောင့်တချိန်ကအသိအမှတ်မပြုပဲပစ်ထားမိသည့်သမီးဖြစ်သူအပူကပ်ကာအကူအညီတောင်းနေလေသည် ၊၊
ဆုဝတီမောင်မောင်ဟာလည်းသူမနာကြည်းချက်နှင့်သူမမို့ပြောချင်ရာပြောပြီးဥပက္ခာပြုကာသူမရဲ့ BMW M2 baby pink ကားပေါ်တက်သွားလေသည် ၊၊
အကူအညီအသည်းအသန်လိုအပ်နေသည့်
ဦးဘုန်းပြည့်ကလည်းကြံရာမရသည့်အဆုံးထွက်ဖို့ပြင်နေသည့်ကားရှေ့ပြေးရပ်လိုက်လေသည် ၊၊

YOU ARE READING
Don't say " I Love You "
Romanceမင်း တို့ , နဲ့ အချိန်မရွေးပျော်ပါးလို့ရတယ် တို့ , ခန္ဓာကိုယ်ကို မင်းစိတ်ကြိုက်အပိုင်သိမ်းလို့ရတယ် တစ်ခုပဲ . . . ချစ်တယ် ဆိုတဲ့စကားတော့ မင်း လုံးဝ သုံးလို့မရဘူး . . . .