သင်တန်းတိုက်အောက်တွင်နွယ် ယောကျ်ားလေးတစ်ယောက်နဲ့စကားပြောနေသည်ကို အမုန်းမြင်တာကြောင့် နွယ်လက်ကိုဆွဲကာခေါ်လာပြီးအလိုမကျဖြစ်နေလေသည် ၊၊
" ကားကိုဖြေးဖြေးမောင်း !! "
အမုန်းတစ်ယောက်နွယ်ပြောနေသည်ကိုဂရုမစိုက်ပဲအရှိန်ထပ်တင်ကာကားကိုမောင်းလေသည်၊၊
" ဟာ !! မင်းကပြောလေကဲလေပါလား
အခုချက်ချင်းကားကိုရပ်ပေး
တို့ , ဆင်းမယ် "အမုန်းလည်းကားကိုဘေးသို့ထိုးရပ်လိုက်ပြီး
" အခုအကောင်မဟုတ်လို့လား "" ဘာဆိုင်လို့လဲ
ကိစ္စရှိလို့ သင်တန်းသားအချင်းချင်း
စကားပြောတာလေ
မင်းကဘာတွေဖြစ်နေတာလဲ "" ကိစ္စ !!
ယောကျ်ားတစ်ယောက်နဲ့မှကိစ္စကရှိတာလား "" ဘာ !! "
" ပတ်ဝန်းကျင်အသစ်ကို အခုပဲရောက်တယ်
ယောကျ်ားတွေနဲ့ ဇာတ်ထုတ်ကရှုပ်လာပြီ
ဒါကြောင့်ပြောတာပေါ့
ချီးတွင်းထဲက လောက်က
ချီးတွင်းမှာပဲ ပျော်တယ်လို့ "ဖြန်းးးးးးးးးးးး
အမုန်းစကားဆုံးတာနဲ့ ပါးပြင်ထက်နွယ့်လက်ဟာရောက်လို့လာလေသည် ၊၊အမုန်းကတော့ဂျစ်တေတေပုံဖြင့်နွယ့်ကိုသာအကြည့်စူးစူးရဲရဲတွေဖြင့်ပြန်ကြည့်နေလေသည် ၊၊
နွယ်လည်းချစ်ရသူရဲ့အထင်သေးအမြင်သေးစကားကြောင့်ရှက်စိတ် ဒေါသစိတ်နဲ့အတူမျက်ရည်တွေဝဲတက်လာရင်း
" ဟုတ်တယ်
ငါကမင်းပြောတဲ့အတိုင်း
ယောကျ်ားမြင် မနေနိုင်တဲ့မိန်းမ
ယောကျ်ားမြင် အတူအိပ်ရဖို့ပဲ သိတဲ့မိန်းမ "နွယ်လည်းအရွဲ့တိုက်ကာပြောပြီးမျက်ရည်တွေဖြင့်ကားပေါ်မှဆင်းသွားလေသည် ၊၊
တဇွတ်ထိုးတဇောက်ကမ်းဖြစ်တဲ့အမုန်းဟာလည်းသဝန်တိုစိတ် ၊ ဒေါသစိတ်တွေနဲ့ထူပူပြီးနွယ့်ကိုလိုက်မခေါ်ပဲ ကားကိုမောင်းထွက်လာခဲ့လေသည်၊၊
-
နှစ်ယောက်သားစကားများထားကြပေမယ့်နွယ်ဟာကလေးမလေးကိုသင်တန်းဆင်းချိန်တိုင်းစောင့်မျှော်နေတတ်သလို ၊ ဖုန်းသံကိုလည်းအမြဲနားစွင့်နေတတ်သည် ၊၊

YOU ARE READING
Don't say " I Love You "
Romanceမင်း တို့ , နဲ့ အချိန်မရွေးပျော်ပါးလို့ရတယ် တို့ , ခန္ဓာကိုယ်ကို မင်းစိတ်ကြိုက်အပိုင်သိမ်းလို့ရတယ် တစ်ခုပဲ . . . ချစ်တယ် ဆိုတဲ့စကားတော့ မင်း လုံးဝ သုံးလို့မရဘူး . . . .