အမုန်းတစ်ယောက်အမေဖြစ်သူနဲ့နေ့လည်စာစားရန်ချိန်းထားတာကြောင့်အလုပ်တွေကိုလက်စသတ်ပြီးအမေဖြစ်သူချိန်းသည့်ဆိုင်ကိုရောက်လာခဲ့လေသည် ၊၊
ဆိုင်အပေါ်ထပ်သို့ရောက်သော်ဖုန်းဆက်ရင်း
အမေဖြစ်သူကိုဝေ့ရမ်းကာရှာနေတုန်း
" အမုန်း !! " ခေါ်သံနဲ့အတူလက်ကိုဝေ့ရမ်းကာပြနေသည့်အမျိုးသားကိုတွေ့လိုက်လေသည်၊၊ထိပ်တိုက်ကြီးတွေ့တာကြောင့်ရှောင်လွှဲဖို့အခြေအနေဖြစ်သွားလေသည် ၊၊ ထို့ကြောင့်အားနာပါနာဖြင့်ထိုသူထိုင်နေသည့်ဝိုင်းနားသို့အမုန်းလျှောက်သွားလိုက်သည် ၊၊
" အန်တီက သွေးတွေတိုးနေလို့လေ
မားမားလည်း ဆေးခန်းသွားစရာရှိတာနဲ့
အတူသွားလိုက်ကြတာ "လေသံအသွားအလာကိုကြည့်တာနဲ့အမေဖြစ်သူဟာထိုအမျိုးသားဆီအရောက်ပို့ဖို့ပေါင်းကြံမှန်းသဘောပေါက်လေသည် ၊၊
သားအမိနှစ်ယောက် Date လုပ်မှာကို ကောင်းကောင်းကြီးမျှော်လင့်ထားပေမယ့်အမေဖြစ်သူရဲ့လုပ်ရပ်ကြောင့်စိတ်မကောင်းတော့ဖြစ်ရလေသည် ၊၊
" အမုန်းကြည့်ရတာ ဘာစားရမှန်းမသိဘူးဖြစ်နေတဲ့ပုံပဲ "
ထိုတော့မှ အမုန်းလည်း Menu ကိုအချိန်အတော်ကြာလှန်လှောနေမှန်းသတိရတော့လေသည် ၊၊
" ဒီိဆိုင်ကလိုင်းပေါ်မှာ
တအားနာမည်ကြီးနေတာလေ "" ဟုတ်လား "
" ဒီဆိုင်ရဲ့ ကော်ရည်ခေါက်ဆွဲနဲ့
ကော်ရည်ထမင်းပေါင်းက
တအားလူကြိုက်များနေတာလေ "အမုန်းလည်း Menu ကိုပိတ်လိုက်ပြီး ထိုအမျိုးသားပြောတာကိုပဲနားထောင်နေလိုက်သည်၊၊
" မအီဘူးလား "
" အကိုစားဖူးတယ် မအီပါဘူး "
" ဒါဆိုလည်း ထမင်းပေါင်းပဲယူလိုက်တော့မယ်
ကော်ရည်ခေါက်ဆွဲက မကြိုက်တာမို့လို့ "" ထမင်းပေါင်းက ဝက်အူစုံနဲ့လား
ဝက်နံရိုးပေါင်းနဲ့လား
ကြက်ပေါင်းနဲ့လား
ကြက်စင်းကောနဲ့လား "
YOU ARE READING
Don't say " I Love You "
Romanceမင်း တို့ , နဲ့ အချိန်မရွေးပျော်ပါးလို့ရတယ် တို့ , ခန္ဓာကိုယ်ကို မင်းစိတ်ကြိုက်အပိုင်သိမ်းလို့ရတယ် တစ်ခုပဲ . . . ချစ်တယ် ဆိုတဲ့စကားတော့ မင်း လုံးဝ သုံးလို့မရဘူး . . . .