Ep ( 6 )

3.7K 180 0
                                        

ဒီနေ့ဟာစာမေးပွဲနောက်ဆုံးနေ့ဖြစ်တာကြောင့်ကလေးမလေးရဲ့ခြေလှမ်းတွေဟာပုံမှန်ထက်
ပိုကျဲပြီးအပြုံးတွေဟာပိုပြီးအသက်ဝင်လှသည်၊၊

"  ဘယ်လိုလဲ   !!
ဒီနေ့ရောအဆင်ပြေရဲ့လား  "

"  ပြေမှပြေ  ပြေတာထက်တောင်ပိုသေး  "

နွယ်လည်း ကလေးမလေးရဲ့ပခုံးလေးကို
ဖက်လိုက်ပြီး
"  ဝိုး  ငါ့ကလေးလေးကတော်လိုက်တာ
မမပြောတယ်မလား
အကောင်းဆုံးဖြတ်သန်းနိုင်မှာပါလို့  "

"  ဟီးးး  စာမေးပွဲပြီးတဲ့အထိမ်းအမှတ်နဲ့
မူကထသွားစားကြရအောင်  မမ   "

ဒါနဲ့ပဲနှစ်ယောက်သားမူကထဆိုင်သို့ရောက်လာကြလေသည် ၊၊

"  လိုင်းပေါ်မှာစားပြကြသလို
အဝစားရတာမဟုတ်ဘူးလား  "

"  buffet မဟုတ်ဘူး မမရဲ့
buffet က ကိုယ်စားနိုင်မနိုင်နိုင်
မရှုံးအောင် အတင်းသွက်သွင်းရတာလေ
ဒီလိုလေးကျ အေးအေးဆေးဆေးစားရတာ  "

"  ဒါပေမယ့် အခုလိုတခုချင်းစီယူရတာက
ပိုကုန်တာပေါ့  "

"  ကုန်ပါစေလေ
နာရီ တကြည့်ကြည့်လည်း စားစရာမလိုဘူး
ကြိုက်သလောက်အေးဆေးစားပြီး
ကျသလောက်ရှင်းရုံပဲလေ  "

"  ဒါလည်းဟုတ်တာပဲလေ  "

ဒီလိုနှင့်နှစ်ယောက်သားစိတ်ကြိုက်ရွေးထားသည်များကိုစားပွဲပေါ်တင်ပြီးထိုင်ခုံမှာထိုင်ကာကင်ကြတော့လေသည် ၊၊

အမုန်းလည်းကျက်သွားသည့်ကြက်မဲကိုဆလပ်ရွက်နဲ့ထုပ်ကာ
"  ဒါလေးအရင်စားကြည့် မမ  "

နွယ်လည်းအိုးထဲကအကင်တွေလှန်လှောရင်းပါးစပ်လေးဟကာစားလိုက်လေသည် ၊၊
"  အွန်းးး   စားကောင်းလိုက်တာ  "

အမုန်းလည်းပြုံးပြီး
"  ကောင်းရင်အများကြီးစားနော်  "

ဒီလိုနှင့်နှစ်ယောက်သားစားလိုက်အကင်တွေလှန်လှောကာကင်လိုက်သည်နှင့်စကားတပြောပြောပွဲကျနေကြလေသည် ၊၊

ထိုစဥ်နွယ့်ဘေးကခုံအလွတ်ဆီသို့အမျိုးသားတစ်ယောက်ဟာရုတ်တရတ်ဝင်ထိုင်လေသည် ၊၊

Don't say  " I  Love You  "Where stories live. Discover now