Ep (18)

3.2K 169 2
                                        

" ကလေးမ !!  "

" ဟမ် !! "

" ဘာတွေအလိုမကျဖြစ်နေတာလဲ "

"  သမီးလေးနဲ့ကြော်ညာရိုက်ချင်လို့ဆိုပြီး
ထပ်ဆက်သွယ်လာကြလို့  "

"  မင်းက အတတ်ကလေးကို
အနုပညာလောကထဲ မဝင်စေချင်တာလား   "

"  အဲ့လိုတော့မဟုတ်ဘူးလေ !!
သူအရွယ်လေးရောက်မှ ဝါသနာထုံပြီး
အဲ့လောကထဲဝင်ချင်တယ်ဆို
ကျူပ်ပံ့ပိုးပေးမှာပဲလေ
အခုကဘာဖြစ်ချင်မှန်းရေရေရာရာမသိတဲ့အရွယ်လေးမှာ ဒီလောကထဲရောက်ပြီး
သူ့သာမန်ဘဝလေး ကျဥ်းမြောင်းသွားမှာစိုးလို့ "

နွယ်ခေါင်းလးညိမ့်ရင်း
"  ဒါတော့လည်းဒါပဲလေ
ဒါပေမယ့်လည်း အတတ်ကလေးက
သာမန်ခလေးတွေထက် ထူးခြားတယ်လေ "

ထိုစကားကိုအမုန်းတစ်ယောက်မငြင်းနိုင်ပေ၊၊ ထို့ကြောင့်တိတ်တိတ်ဆိတ်ဆိတ်နေပြီးတော့သာထောက်ခံနေမိသည် ၊၊

နွယ်ကထပ်ပြီး
"  ကြီးတော့လည်းသူ့သူရွေးချယ်ပါစေပေါ့
အခုတော့သူ့ဆန်းကိုလွှတ်ပေးကြည့်ပါလား  "

"  ကျူပ်ကလည်းကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေတော့ သမီးနောက်လည်းမလိုက်နိုင်ဘူး "

"  ဒါတော့စိတ်မပူပါနဲ့ ကလေးမရယ်
တို့ , တစ်ယောက်လုံးရှိပါတယ် "

" ဒါဆိုလည်းပြီးရောလေ "

ထိုစဥ်မှာထားသည့်ပင်လယ်စာကွန့်ထန်ကိုငှက်ပျောရွက်လေးခင်းကာလာချပေးနေသောကြောင့်အမုန်းရောနွယ်ပါစားပွဲမှာတင်ထားသည့်လက်အိတ်ကိုဝတ်လိုက်ကြလေသည် ၊၊

ထို့နောက်အမုန်းကပုစွန်ကိုအခွံခွာပြီးသူတို့နှစ်ယောက်ကြားစားပွဲထောင့်မှာထိုင်နေသည့်သမီးဖြစ်သူပန်းကန်ထဲထည့်ပေးနေလေသည် ၊၊

နွယ်လည်းပြည်ကြီးငါးကိုဖဲ့ပြီးကလေးပန်းကန်ထဲထည့်ပေးလေသည် ၊၊

ဒီလိုနဲ့စားသောက်ကြပြီးငွေရှင်းမည်လုပ်တော့ရှင်းဖို့ပြင်နေသည့်အမုန်းကိုဟန့်တားပြီးနွယ်ကရှင်းလိုက်လေသည် ၊၊

Don't say  " I  Love You  "Where stories live. Discover now