အမုန်းတစ်ယောက်တဖက်တွင်စောင်းအိပ်တာကြာပြီဖြစ်တာမို့ခွလုံးလေးကိုခွရက်နှင့်နွယ့်ဘက်သို့လှည့်လာလေသည် ၊၊
အမုန်းလည်းနွယ်အိပ်မအိပ်ကိုသိလိုတာကြောင့်မျက်လုံးတွေကိုအသာဖွင့်ကာကြည့်လိုက်လေသည်၊၊
ထိုစဥ်အပေါ်မျက်နှာကိုကြည့်ကာနဖူးပေါ်ကိုလက်တင်ရင်းတခုခုကိုတွေးတောနေသည့်နွယ့်ကိုအမုန်းမြင်လိုက်ရလေသည် ၊၊
ထိုသိုနွယ့်ရဲ့မူမမှန်သည့်ပုံကိုထိုရက်ပိုင်းတွင်အမုန်းမြင်ရသည်မှာအကြိမ်ကြိမ်ပင်ဖြစ်သည်၊၊
တိကျလွန်းသည့်နွယ်ဟာကလေးထမင်းချိုင့်တွင်ဇွန်းထည့်ပေးဖို့မေ့လျော့တာမျိုး ၊
ညဘက်တွေဟိုလှိမ့်ဒီလှိမ့်နဲ့အိပ်မပျော်တာမျိုး ၊
ဟင်းတွေအစပ်အဟက်မတည့်တာမျိုး ၊
ပန်းကန်တွေခဏခဏကျကွဲတာမျိုးစသည်ဖြင့်အလွဲလွဲအချော်ချော်ပင်ဖြစ်နေလေသည် ၊၊အရင်ရက်တွေကတော့
အချိန်တခုလိုအပ်တာကြောင့်
နွယ်လွတ်လွတ်လပ်လပ်နေပါစေဆိုပြီး
အမုန်းမသိသလိုဟန်ဆောင်ကာ
လွတ်ပေးထားပေမယ့်
ထိုညတွင်တော့
အမုန်းအတွက် အချိန်ရောက်ပြီဖြစ်တာကြောင့်
" အခုထိမအိပ်သေးဘူးလား မမ !! "" ဟင် !! ဟို . . တို့ , တရေးနိုးလာတာပါ "
အမုန်းလည်း ထထိုင်လိုက်ပြီး
" မမ အခုတလော ဘာတွေဖြစ်နေတာလဲ !! "နွယ် နဖူးပေါ်ကာလက်ကိုဖယ်လိုက်ပြီး
အမုန်းကိုကြည့်ကာမလုံမလဲဖြင့်
" မဖြစ်ပါဘူး
တို့ , က ဘာဖြစ်ရမှာလဲ "ဆိုကာအမုန်းကိုမျက်နှာချင်းမဆိုင်ချင်တာကြောင့်တဖက်သို့
လှည့်ကာရှောင်ထွက်ဖို့ပြင်နေလေသည် ၊၊" မဖြစ်ဘူးသာ ပြောတယ်
မမရဲ့အပြုအမှုတွေက သက်သေပဲလေပြေးကြည့်မှ ဒီလူပဲရှိတာ
အမုန်းကိုမှမပြောရင် မမဘယ်သူ့ကိုပြောမှာလဲ"ထိုစကားကြောင့်နွယ်ဟာမျက်ရည်တွေဖြင့်ထထိုင်လိုက်ပြီးအမုန်းကိုဖက်ထားလိုက်လေသည်၊၊
YOU ARE READING
Don't say " I Love You "
Romanceမင်း တို့ , နဲ့ အချိန်မရွေးပျော်ပါးလို့ရတယ် တို့ , ခန္ဓာကိုယ်ကို မင်းစိတ်ကြိုက်အပိုင်သိမ်းလို့ရတယ် တစ်ခုပဲ . . . ချစ်တယ် ဆိုတဲ့စကားတော့ မင်း လုံးဝ သုံးလို့မရဘူး . . . .