နွယ်တစ်ယောက်အိမ်အပြောင်းရွှေ့ဝန်ဆောင်မှုနဲ့ချိတ်ပြီးအဝတ်အစားတွေနှင့်လိုအပ်သည့်ပစ္စည်းတွေအကုန်အမုန်းအိမ်သို့ရွှေ့လာလေသည် ၊၊
အမုန်းအိမ်သို့ရောက်သည်နှင့်နွယ် ,ကိတ်မုန့်ဖုတ်သည့်စက်တွေနှင့်ကုန်ကြမ်းတွေကိုမီးဖိုချောင်တွင်နေရာချလေသည် ၊၊
ကျောင်းပိတ်ရက် ၊ ရုံးပိတ်ရက်ဖြစ်တာကြောင့်
နွယ် ,အမုန်းတို့သားအမိကိုမနိုးရက်ပေ ၊၊" အန်တီလှလှ !! "
နွယ်အင်္ကျီတွေကိုဗီရိုထဲစီနေတုန်းတွင်ကလေးဖြစ်သူကအခန်းတံခါးလေးဖွင့်ကာဝင်လာလေသည် ၊၊
" ဟော . . အတတ်ကလေးတောင်နိုးပြီ "
ထို့နောက်ကလေးကကုတင်ပေါ်မှာအိပ်နေသည့်အမေဖြစ်သူကိုဖက်ကာ
" မားမား !! "အမုန်းမထမချင်းသမီးဖြစ်သူကတတွတ်တွတ်ခေါ်ကာလှုပ်နှိုးလိုက် ၊ နမ်းလိုက်နှင့်အလုပ်တွေရှုပ်နေလေသည် ၊၊
" မားမား ထတော့ !! "
အမုန်းအပျင်းကြောလေးဆန့်ရင်း
" အင်းးးးး ထပါပြီ မားမားအသဲလေးရယ် !! "အမုန်းလည်းဘေးဘီကိုကြည့်ရင်းနွယ့်ကိုရှာနေလေသည် ၊၊
နွယ်ကိုမြင်သည်နှင့် အမုန်းလည်းထထိုင်လိုက်ပြီး
" မမအင်္ကျီတွေက
ဘယ်လိုလုပ်ရောက်လာတာလဲ "" အိမ်ကနေ လိုတာတွေယူချလာတာလေ "
" ဟမ် !! ဘယ်တုန်းကသွားယူလိုက်တာလဲ "
" အိမ်ပြောင်းရွှေ့ဝန်ဆောင်မှုနဲ့လေ !! "
" အမုန်းကိုဘာလို့မနှိုးတာလဲ မမရယ် "
" မင်းမှာ ပိတ်ရက်လေးပဲ နားရတာလေ
ခလေးကိုလည်း ထားခဲ့လို့မရတာ
ခလေးလည်း အိပ်ရေးပျက်မှာစိုးလို့လေ "အင်္ကျီတော်တော်များများဟာအနက်ရောင်တွေဖြစ်သည်မို့
" မမအင်္ကျီတွေကလည်း မဲတူးနေတာပဲ !! "" အယ် !!
ဒီကလေးမလေး !!
အိပ်ချင်မူတူးနဲ့ ဘာတွေပြောနေတာလဲ
အင်္ကျီတွေက အနက်ရောင်တွေလေ !!"
![](https://img.wattpad.com/cover/371259897-288-k251144.jpg)
YOU ARE READING
Don't say " I Love You "
Romanceမင်း တို့ , နဲ့ အချိန်မရွေးပျော်ပါးလို့ရတယ် တို့ , ခန္ဓာကိုယ်ကို မင်းစိတ်ကြိုက်အပိုင်သိမ်းလို့ရတယ် တစ်ခုပဲ . . . ချစ်တယ် ဆိုတဲ့စကားတော့ မင်း လုံးဝ သုံးလို့မရဘူး . . . .