3

2.6K 162 0
                                    

[UNI]

မင်းခန့် မှန်ရှေ့တွင် သူ့ဝတ်စားဆင်ယင်ထားမှုအား သေချာကြည့်‌နေ၏။ မဆိုးဘူး ရုပ်ရည်ကလည်းပြောစရာမရှိ၊ တစ်ချက်ကြည့်ရုံဖြင့် ကြွေဆင်းသွားနိုင်သည့် မျက်နှာပေါက်မျိုးဖြစ်သည်။ Bodyအချိုးအစားကအစ အပြစ်ပြောစရာမရှိ ပြည့်စုံလွန်းသည်။ မင်းခန့် နှုတ်ခမ်းတစ်ချက်တွန့်ကာ ဂုဏ်ယူစွာပြုံး၏။

ကြင်ဖက် သွားတွေ့ရမည့်နေ့ ဖြစ်သည်။ ဘယ်လောက်ပဲ သူ့ဘက်က သဘောမကျပါဘူးပြောပြော တစ်ဖက်ကတော့ သူ့ကိုသဘောကျသွားစေရမည်။ မင်းခန့်က အဲ့တာမျိုးကိုမှ လှလှပပလေး ငြင်းချင်တာဖြစ်၏။ အဆင်သင့်ဖြစ်သည်နှင့် ဆိုင်ကယ်သော့ဆွဲကာ အောက်ဆင်းသွားလိုက်သည်။

"သား မင်းခန့် ရော့"

အောက်ထပ် ရောက်ရောက်ချင်း လက်ထဲလာထည့်ပေးသော စာရွက်ကို မင်းခန့် ကြည့်လိုက်သည်။ အစားအသောက်အတွက် လိုအပ်သော ပစ္စည်းအမယ်တွေဖြစ်သည်။

"ဒါ ဘာလုပ်ဖို့လဲ မာမီ"

"အပြန်ကျ ဝယ်ခဲ့ပေးလေ။ မာမီ အပြင်မထွက်ချင်တော့လို့"

"Okay!"

"သွား သွား နောက်ကျနေဦးမယ်"

သူ့ထက် စိတ်လှုပ်ရှားနေသည့်မာမီက မနက်စာတောင် မကျွေးတော့ဘဲ အတင်းကိုသွားခိုင်းနေတော့တာဖြစ်သည်။ မင်းခန့် ဘာမှပြန်မပြောခဲ့ပါပေ။ ဆိုင်ကယ်မျက်နှာရှိသေးသည်။

ခြံထဲက ဂိုထောင်ထဲဝင်ကာ သူယူလာသည့် ဆိုင်ကယ်သော့၏ ပိုင်ရှင်ဖြစ်သည့် အနက်ရောင်ပေါ် အစိမ်းရောင်အစင်းကြားပါသော ဆိုင်ကယ်ကိုရွေးလိုက်သည်။ ဆိုင်ကယ်စီး၍ ဆံပင်ပုံပျက်မည်ကို သူမစိုးရိမ်ပါပေ။

သူက ဘယ်အချိန်ဖြစ်ဖြစ် သောက်ချောကြီးပဲလေ။ ဒါတွေမပူပါဘူး။

ဆိုင်ကယ်ပေါ်ခွတက်ကာ ဆိုင်ကယ်ဦးထုပ်ကို သေချာဆောင်းပြီး ဦးတည်ရာဆီ မောင်းထွက်သွားလိုက်၏။ စိတ်မကောင်းပေမယ့် သူငြင်းဖို့အတွက် စကားလုံးလှလှလေးတွေတောင် ရွေးထားပြီးပြီဖြစ်သည်။

ဤကိစ္စတွေ ပြီးသည်နှင့် သူ့မှာလုပ်စရာလည်းရှိသေးသည်။ မနေ့က တွေ့ခဲ့သည့်ကောင်လေးကို လိုက်ရမည်ဖြစ်သည်။

Us Two [Completed]Where stories live. Discover now