18

1.7K 78 0
                                    

[UNI]

"အစ်ကို သေချာလို့လား။ မသွားချင်ရင် ကျွန်တော် နေရာပြောင်းခိုင်းလိုက်မယ်လေ"

"ရပါတယ်ဆို။ ရောက်ပဲ ရောက်နေပြီကို"

ပြင်သစ်တွင် ကျောင်းအတူ သွားတက်တုန်းက မင်းခန့် သူငယ်ချင်းတွေ မြန်မာပြည် ပြန်ရောက်လာပြီဖြစ်၍ မင်းခန့်က စံလင်းကို မိတ်ဆက်ပေးရန် တစ်နေရာမှာ တွေ့ရအောင် ချိန်းသည်။ သူ့ သူငယ်ချင်းတွေကတော့ လူငယ်ပီပီ နာမည်ကြီး clubတစ်ခုကို လာဖို့ပြော၏။

မင်းခန့်က စံလင်းအား အဆင်ပြေမှ သွားမည်ဟု ပြောခဲ့သော်လည်း စံလင်းက လူချင်းမိတ်ဆက်ရသည်ကို ဟိုနေရာမှ ဒီနေရာမှနဲ့ ဂျီးမများချင်၍ လက်ခံခဲ့သည်။

ယခုတော့ အပေါက်ဝတွင်တွေ့လိုက်ရသော မပေါ်ရုံတမယ် ခပ်ရိုင်းရိုင်း အတိုအပြတ်များနှင့် မိန်းကလေးများကြောင့် မင်းခန့်က ထပ်မေးလာခြင်းဖြစ်သည်။

Clubအထဲ ရောက်ဖို့အတွက် ဝင်ဝင်ချင်းတွင် မြေအောက်ထပ်ဆင်းသည့် လှေကားကိုဖြတ်ရ၏။ အောက်ရောက်သည့်အခါ မီးရောင်စုံကြား ကခုန်နေကြသည့် အသက်၂၀ ဝန်းကျင်သာသာ လူငယ်လေးများကို တွေ့ရသည်။ မူးနေသူများကို ထိန်းသူကထိန်းနေပြီး မလုံတလုံဖော်ပြထားသော အဝတ်အစားများနှင့် မိန်းကလေးများကလည်း မမြင်ချင်မှ အဆုံး။

စံလင်းလက်ကို ဆုပ်ကိုင်ထားသည့် မင်းခန့်၏လက်တို့က တဖြည်းဖြည်း ပို၍ တင်းကျပ်လာခဲ့၏။ မမြင်အပ်သမျှကို မျက်နှာတလွှဲလွှဲ လုပ်နေတဲ့ သူ့လူပျိုလေးကိုလည်း ခဏခဏ ငုံ့ကြည့်နေသေးသည်။

စံလင်း သက်ပြင်းကို မသိမသာချရင်း မင်းခန့်ကို မော့ကြည့်လိုက်သည်မှာ မင်းသူငယ်ချင်းတွေ ရှိတဲ့နေရာဆီ အမြန်ခေါ်သွားပါတော့ဆိုသည့် မျက်လုံးများနှင့်ဖြစ်သည်။

မင်းခန့်ကလည်း သူ့အစ်ကိုသေးသေးလေးရဲ့ ပုခုံးကိုဖက်ကာ dancing floor အပေါ်ထပ်က သီးသန့်ဝိုင်းတွေဘက် ခေါ်သွားပေး၏။ မင်းခန့်ခေါ်ရာအနောက် လိုက်ရင်း စံလင်း ရင်ထဲ တင်းကျပ်လာသလိုခံစားရသည်။

မောင်ဟာ ဒီလိုနေရာတွေကို နိုင်ငံရပ်ခြားတွင် ဘယ်နှကြိမ် ဘယ်နှခါများ သွားခဲ့ပြီးပါပြီလဲ။ ချစ်သူရည်းစား မထားဖူးဘဲမနေသည့် မောင်ဟာ ဘယ်မိန်းကလေးနှင့်အတူ bar‌တွေ clubတွေ သွားခဲ့ပြီးပါပြီလဲ။ လွတ်လပ်မှုကိုသာ ကြိုက်တဲ့ မောင့်အရွယ်လေးက သူ့လို ၃၀နားကပ်နေသည့် သူ့အကြိုက်လိုက်ရင်း ပျင်းနေမည်လား။ 

Us Two [Completed]Where stories live. Discover now