20

1.8K 81 1
                                    

[UNI]


ရင်ခွင် အောက်တွင် ရုန်းကန်ပြီး မောသွား၍ ရန်တောင်မတွေ့နိုင်တော့တဲ့ အစ်ကို့ကိုကြည့်ရင်း

'ပြွတ်စ်'

"အာ.. လုပ်ပြန်ပြီ။ မောင်နော်.."

"အဟင်း.. ချစ်လို့လေဗျာ"

"ဖယ်တော့ လေးတယ်"

မင်းခန့်က မဖယ်ပေး။ ပြုံးလျက်ဖြင့်သာ စံလင်းကို စိုက်ကြည့်နေလေသည်။

"အစ်ကို..."

"..."

"ချစ်တယ်"

'ပြွတ်စ်'

မင်းခန့်ပိုင်ဖြိုးတို့ အူမြူးနေတာများ ပြောမနေနှင့်တော့။ ချစ်စကားလေးပြောလိုက်၊ အသားယူလိုက်နှင့် လူကို အတင်းဖိထားကာ လုပ်ချင်သလို လုပ်နေတော့၏။

"မောင် ဖယ်တော့လို့။ အိမ်ပြန်နောက်ကျရင် မေမေ ဆူနေလိမ့်မယ်"

"အဟင်း မာမားဘွိုင်းလေး"

"အဲ့တော့ ဘာဖြစ်လဲ"

"ခန့်ခန့်ဘွိုင်းလေးရော မလုပ်ချင်ဘူးလား"

"ဘာတွေ ပြောနေမှန်းလည်း မသိဘူးကွာ။ သောက်ထားတာ ကြာပြီမဟုတ်လား။ ခုမှ မူးလာတာလား!"

"...."

မင်းခန့်က ဘာမှ ပြန်မပြောဘဲ ခပ်ပြုံးပြုံးနဲ့သာ စိုက်ကြည့်နေပြန်သည်။ ထို့နောက် မထင်မှတ်ထားသော အရာတစ်ခုကိုလုပ်လာ၏။

"မောင်! ဘယ်တွေ လာပွတ်နေတာလဲ"

"ကျွန်တော် မူးနေလို့လေ။ အဲ့တာ အစ်ကို ချိုချဉ်ကျွေး"

"ဟမ်! အစ်ကို့မှာ ဘာချိုချဉ်မှ မရှိဘူးလေ"

"ရှိပါတယ်"

"မရှိဘူးလို့"

"ရှိပါတယ်ဆို"

"မရှိဘူးလို့‌ဆိုနေ"

"ကျွန်တော်ပြမယ်"

"ဟာ! မောင့်!!"

စံလင်း၏ ဘောင်းဘီထဲထည့်ဝတ်ထားသည့် ရှပ်အဖြူစကို ဆွဲထုတ်ကာ ကြယ်သီးတွေ ဖြုတ်နေသည်မို့ စံလင်းခေါင်းကို ဆယ်ပေါင်တူနှင့် အထုခံလိုက်ရသလို ကျိမ်းသွားသည်။ ကြယ်သီးဖြုတ်နေသည့် မောင့်လက်တွေကို အတင်းလိုက်ဆွဲသော်လည်း အရာမထင်။ စံလင်း၏ ရှပ်အဖြူလေးသည် ဘယ်ညာနှစ်ဖက်အခွဲခံလိုက်ရတော့သည်။

Us Two [Completed]Where stories live. Discover now