23

1K 56 0
                                    

[UNI]

Vcပြောတဲ့နေ့ကတည်းက မင်းခန့်စကားအဆုံး ဖုန်းတန်းချသွားပြီး စကားမပြောတော့သည့် စံလင်းကြောင့် မင်းခန့် တိုင်ပတ်သွားလေသည်။

ဖုန်းဘယ်လောက်ခေါ်ခေါ် မကိုင်တော့သည်ကြောင့်  ညနေပိုင်းကြီးရောက်ချသွားသော်လည်း အတွေ့မခံ။ မင်းခန့်မှာ ယောက္ခမလောင်းဖြစ်သူ သိသွားမည်စိုး၍ အပေါ်ထပ်က ဒီအတိုင်းပြန်ခဲ့ရပြီး နောက်တစ်ရက်ရောက်မှ ဖိတ်စာဒီဇိုင်း ဝင်ကြည့်သည့် အကြောင်းပြချက်နှင့်အတူ ယောက္ခမလောင်းဖြစ်သူ ကျေးဇူးဖြင့် စံလင်းသူအခန်းထဲ ရောက်နေပေသည်။

စိတ်ချလက်ချထားခဲ့ကာ ထွက်သွားသည့် ယောက္ခမလောင်းဖြစ်သူ၏ ခြေသံပျောက်သွားသည်နှင့် မင်းခန့်က ကုတင်ပေါ် တောင့်တောင့်ကလေး ထိုင်နေသည့် စံလင်းကို ခုန်အုပ်တော့၏။

"အင့်! မောင်.."

"ပြော ကိုယ့်ကို ဘာလို့ရှောင်နေတာလဲ"

မျက်နှာတည်ဖြစ်‌နေသည့်အပြင် အကြီးတစ်ယောက်လိုပြုမူ‌ကာပြောနေသည့် မင်းခန့်ကိုကြည့်ပြီး စံလင်းမရှိန်ဘူးပြောလျှင် လိမ်ရာကျပေလိမ့်မည်။

မောင် စိတ်ဆိုးနေသည်မဟုတ်လား...။

"ဟို..."

"အင်း။ Condomဝယ်ထားတယ် ပြောလိုက်လို့လား"

"...."

ပြန်ဖြေသံမလာတော့ပဲ Vcပြောတဲ့နေ့ကလို မျက်နှာနီလာသည့် စံလင်းကို မင်းခန့်က ဒီအတိုင်း အုပ်မိုးကာ စိုက်ကြည့်နေ၏။

"မောင်.. ဖယ်ဦးလေ"

"တစ်ညလုံး ဖုန်းလည်းမကိုင်၊ စာလည်းမပြန်တဲ့သူကို ကျွန်တော် ဘယ်လိုအပြစ်ပေးသင့်လဲ"

"မောင်က ဒဲ့ကြီးပြောတာကို.."

နီနေသော မျက်နှာမပျောက်သေးကာ မင်းခန့်နှင့် မျက်လုံးချင်းလည်း မဆုံစေဘဲ အသံတိုးတိုးဖြင့် ပြောလာ၏။

"အဲ့တာဆို ဘယ်လိုပြောသင့်လဲ အစ်ကို‌ရွေးပေးလေ။ ဟိုဟာမှာစွတ်တဲ့ အစွပ်လို့လား။ သုတ်အတွက် အကာအကွယ်လား။ ဒါမှမဟုတ် ကျွန်တော့်ညီငယ်လေးအတွက် အင်္ကျီလို့လား"

Us Two [Completed]Where stories live. Discover now