14

1.8K 95 0
                                    

[UNI]


ခရီးသွားတို့ဖြင့် ပုံမှန်လည်ပတ်နေသော ရန်ကုန်လေဆိပ်တွင်ဖြစ်၏။ ထိုထဲတွင် လက်ချင်းတွဲကာ အတူယှဉ်တွဲ၍ ထွက်လာသူနှစ်ဦးသည် အမျိုးသားနှစ်ယောက်ဖြစ်သည့်တိုင် လိုက်ဖက်နေကြသည်။

Internationalအရပ်နှင့် ခန္ဓာကိုယ်တောင့်ဖြောင့်ကာ အသားဖြူဖြူရှိလှသော လူငယ်၏ ပုခုံးစွန်းနားတွင် ထိုလူငယ်ထက် ပိုအသားဖြူ၍ ပိန်ပါးသွယ်လျကာ နုနယ်သည့်ရုပ်ရည်လေးဖြင့် အမျိုးသားသည် ပါးလေးအပ်ကာ ပါလာလေသည်။ သူ့ခါးတွင် လူငယ်လေး၏ အကြောစိမ်းတို့ပေါ်နေသော လက်က တင်းကျပ်စွာ ထိန်းကိုင်ပေးထားသေး၏။ ထိုလူငယ်၏ နောက်လက်တစ်ဖက်တွင်တော့ Laguageနှစ်လုံးကို ပူးတွဲကာ တွန်းလျက်ရှိသည်။

"အစ်ကို အဆင်ပြေရဲ့လား။ ကားနားရောက်တော့မယ် ခဏလေးပဲ"

"အင်း..ပြေပါတယ်.."

Airport‌မှအထွက် သူတို့နှစ်ဦး၏ အမေးအဖြေစကားများအပြီး၌ ကွက်တိဆိုသလိုပင် ကောင်လေးတစ်ယောက် သူတို့အရှေ့သို့ရောက်လာ၏။

"သခင်လေးတို့ အိတ်တွေ ကျွန်တော်ယူခဲ့ပါ့မယ်ဗျ"

မင်းခန့်ပိုင်ဖြိုး ထိုကောင်‌‌လေးကိုသိသည်။ ဒါသူ့အိမ်မှ ဒရိုက်ဘာဦးလေးကြီး၏ သားဖြစ်သည်။ သိတယ်ဆိုသည်မှာလည်း သူပညာတော်သင် ပြန်လာစဉ်က ထိုကောင်လေးပဲ လာကြိုပေးခဲ့သည်မို့။ သူခေါင်းတစ်ချက်ညိမ့်ပြ၍ သူ့ပုခုံးစွန်း၌မှီပါလာသော နေမကောင်းသူလေးအား ထိန်းပေးရင်း ကားဆီလျှောက်သွားကာ အထဲဝင်ထိုင်စေလိုက်၏။

နွမ်းလျနေသော ခန္ဓာကိုယ်လေးသည် ကိုယ်ပူမနေတော့သော်လည်း ခပ်နွေးနွေးအရှိန်ရှိနေ၏။ မနေ့က Parisတွင် တစ်နေကုန်လျှောက်လည်ကြရင်း ပင်ပန်းကာ ညနေစောင်းချိန်အထိ သူတို့တစ်ခန်းထဲ၌ အတူအိပ်ပျော်သွားခဲ့ကြသည်။

နိုးလာချိန်တွင် မင်းခန့်ပိုင်ဖြိုးက ရေမိုးချိုးကာလန်းဆန်းနေခဲ့သော်လည်း စံလင်းသူမှာ ခွေခေါက်နေခဲ့သေးသည်မို့ ဆေးတိုက်ကာ အနားယူစေသော်လည်း မိုးလင်းသည်အထိ ကိုယ်ပူကျသွားရုံမှအပ လန်းဆန်းခြင်းမရှိသေး။

Us Two [Completed]Where stories live. Discover now