4

1.8K 113 0
                                    

[UNI]

စားသောက်ပြီး ခနအကြာ အချိုပွဲတွေလာချပေးပြီးသည်အထိ သူတို့နှစ်ယောက် တောင့်တောင့်ကြီးသာ မျက်နှာချင်းဆိုင်နေမိသည်။  စံလင်းမှာ မင်းခန့်ပိုင်ဖြိုးက သူ့ကို ဘာမှတုံ့ပြန်မလာသည်ကြောင့် သူ့မှာလည်း အခက်တွေ့နေရသည်။

ဘာကို ဘယ်ကနေ ဘယ်လိုစပြောရမည်မှန်းလည်း သူမစဥ်းစားတတ်တော့ပေ။ သို့သော် ကံကောင်းထောက်မစွာပင် မင်းခန့်ပိုင်ဖြိုးဘက်က အရင် စကားစလာ၏။

"မာမီတို့က ကျွန်တော်တို့ကိစ္စကို စီစဥ်နေကြပြီထင်တယ်"

"စီစဥ်နေပြီရယ်လို့တော့ မဟုတ်ပါဘူး။ ဒီအတိုင်း အရင် တွေ့စေချင်ကြတာ။ ပြီးမှ..ရှေ့ဆက်သင့် မဆက်သင့်ပေါ့"

"မင်းခန့်ပိုင်ဖြိုးပါ ခင်ဗျ။ အသက်ကတော့ ၂၃နှစ်ပါ။ ဟိုမှာ ဘွဲ့ရပြီးပြီမို့ နောက်လလောက်ဆိုရင် အလုပ်ဝင်တော့မှာပါ"

ယခုမှ သေချာမိတ်ဆက်လာသည်မို့  စံလင်းကလည်း ယဥ်ကျေးမှုအလိုက် ပြန်မိတ်ဆက်လိုက်သည်။

"စံလင်းသူပါ။ အသက်က၂၇နှစ်။ အလုပ်ကတော့ ပန်းချီသင်တန်း ဖွင့်ထားပါတယ်။ ဖေ့ဖေ့ရဲ့ကုမ္ပဏီကိစ္စကိုတော့ ဦးလေးဖြစ်သူနဲ့လွှဲထားပြီး တကယ်အရေးကြီးတဲ့ ဆုံးဖြတ်ချက်ချရမယ့် အခြေအနေမျိုးမှ သွားဖြစ်တာပါ"

"အစ်ကိုလို့ပဲ ခေါ်ပါ့မယ်။ ရမလားဗျ.."

"ရပါတယ်"

"လေးစားစရာပဲ။ ကုမ္ပဏီကိစ္စတွေတောင် ကိုင်တွယ်နိုင်တာဆိုတော့"

"ထင်လို့ပါ.."

စကားဝိုင်းလေးသည် အနည်းငယ်အသက်ဝင်လာကာ အပြုံးလေးတွေလည်း ခပ်ရေးရေးတွင်နေလျက်။

"အန်တီစန္ဒီနဲ့ မေမေဖုန်းပြောတာကို ကြားထားပါတယ်။ မေမေတို့စီစဥ်ပေးတဲ့ ဒီအခြေအနေကို သဘောမကျမှန်းလည်း နားလည်ပါတယ်။ အားနာစရာ မလိုပါဘူး ငြင်းချင်လည်း ငြင်းပါ"

ဒဲ့ကြီး ပြောချလာသည့် စံလင်းသူကြောင့် မင်းခန့်မှာ ကြံရာမရသည့်မျက်နှာပေးမျိုး ဖြစ်သွားတော့သည်။ ငြင််းမလို့ဆိုကာ စီလာသော စကားလုံးတွေကလည်း စောန တံခါးဖွင့်ဝင်လာကတည်းက ဘယ်ဆီ လွင့်ပြန်သွားသည်မှန်းမသိ။ လိုက်ဖမ်းလို့ကို မမှီတော့ပေ။

Us Two [Completed]Where stories live. Discover now