24

1.1K 55 0
                                    

[UNI]

မျက်စိရှေ့၌ တွေ့နေရသော ပိတ်ထားသည့် တံခါးချပ်။ သူ့အနီးတစ်ဝိုက်တွင် ဤ ခန်းမဆောင်၏ staffများ ရှိနေ၏။ ယခုအချိန်တွင် သူ၏ စိတ်လှုပ်ရှားမှုအား ဘာနှင့်မှ ဖော်မပြနိုင်။

မျက်စိရှေ့ရှိနေသော တံခါးချပ်ပွင့်သွားခဲ့လျှင် သူဟာ တစ်စုံတစ်ယောက်၏ သတို့သားလေး ဖြစ်တော့မည်။ စိတ်လှုပ်ရှားလွန်း၍ ဆုပ်ထားသော လက်ဖဝါး၌ ချွေးစေးပင် ပြန်နေလေ၏။

မကြာလိုက်။ ထွက်ပေါ်လာသော မင်္ဂလာ စန္ဒယားသံစဉ်။ ပွင့်လာသော သစ်သားတံခါးချပ်။ အပြုံးပန်းတို့ပွင့်လျက်ဖြင့် လှည့်ကြည့်လာကြသော ဧည့်သည်များ။ ကော်ဇောနီအဆုံးက မတ်တပ်ရပ်နေသူဆီ အကြည့်ပို့မိတော့ လောကကြီးကို အပိုင်စားရတော့မည့် သူတစ်ယောက်နှယ် ပြုံးပြနေသော မောင်။

ထိုအပြုံးလေးအား ငေးရင်း စိတ်လှုပ်ရှားမှုနှင့်အတူ ရှေ့သို့ တစ်လှမ်းချင်း လျှောက်တော့ ဧည့်သည်တို့နှင့်အတူ ရှေ့ဆုံးတွင်ထိုင်နေသော မေမေနဲ့ မာမားတို့က ဖုန်းတစ်ကိုင်ကိုင်ဖြင့်ဖြစ်ပြီး ဧည့်သည်လူအုပ်မှာလည်း  ထိုနည်း၎င်းပင်။

သူဝင်လာသော တံခါးကစ၍ အနားရောက်သည်အထိ အမိအရ videoရိုက်ထားကြလေသည်။ မောင့်သူငယ်ချင်းများဆို လေတွေတောင်ချွန်နေကြ၏။ စီရမ်နှင့် မောင့်ကျောင်းက သူတွေတော်တော်များများလည်းပါသေးသည်။

'ချောလိုက်တာဟယ်'

'ကြည့်ပါဦး အသားလေးကို ဖြူနုနေတာပဲ'

'စန္ဒီတို့က သားမက်ရ ကံကောင်းတာတော်။ အကြည်ဓါတ်ကလေးပဲ'

အမျိုးမျိုးသော အသံတို့ကိုကြားနေရသည်မို့ စံလင်းမှာပို၍ စိတ်လှုပ်ရှားနေရ၏။ မျက်ရည်တို့ ဝဲလျက် ပြုံးကာကြည့်နေသော မေမေ့ကိုတော့ သူ နှစ်ခြိုက်စွာ ပြန်လည်ပြုံးပြမိသည်။

နောက်ထပ် တစ်လှမ်း... သုံးလှမ်း... ခုနစ်လမ်း... မြောက်တွင် လက်ကမ်းပေးထားသော မောင့်လက်ဖဝါးကျယ်ဆီ သူကိုယ်တိုင် အပ်နှံမိသော  သူ့ဘဝ..။

"ဒီနေ့ အရမ်း ကြည့်ကောင်းနေလို့ မောင်မျက်တောင်ခတ်ရမှာတောင် သမျောမိပြီ"

Us Two [Completed]Where stories live. Discover now