25 [Final]

2.5K 101 5
                                    

[UNI]

"မောင့် မစီးချင်ဘူးလို့"

ဟန်းနီးမွန်းခရီးစဉ်တွင် နောက်ဆုံးရောက်ရှိလာသော နေရာမှာ သူတို့နှစ်ဦး၏ အချစ်ဇာတ်လမ်းလေး စခဲ့ရာ ကမ်းခြေလေးဆီတွင်ဖြစ်၏။

ပထမတစ်ခေါက် လာတုန်းက စီးခဲ့သည့် Jet Skiကို အတူစီးရန် မင်းခန့်က လက်ဆွဲကာ ခေါ်သည်ကို စံလင်းက ငြင်းနေခြင်းဖြစ်သည်။

"ကျွန်တော် ပါနေတာကို အစ်ကိုရယ်။ ပြုတ်မကျစေရဘူး။ အတူစီးရအောင်ဗျာ"

"ဟင့်အင်း။ ရေ မကူးတတ်ဘူးလို့ဆိုနေ"

"ဟောဗျာ။ ကျွန်တော် သေချာ ထိန်းပေးမှာပေါ့"

"ဟင့်အင်း ဟင့်အင်း"

ဘယ်လိုမှ ခေါ်မရစွာ သူ့ထက် လေးနှစ်ကြီးသည့် အစ်ကိုက ပေကပ်ကပ်လုပ်နေလေ၏။ ဒီကတော့ ရေပေါ်တွင် ချစ်ရသူအား ရင်ခွင်ထဲထည့်ရင်း ပါးလေးနမ်း၊ ဂုတ်ပိုးလေးနမ်းရင်း Romanticဆန်ချင်ပါသော်လည်း တစ်ယောက်သောသူက ကလေးဆိုးလေးလုပ်နေ၏။

"ကိုယ့်ကို မယုံဘူးလားကွာ။ ဟင်.."

လက်ကိုဆုပ်ကိုင်ကာ ချက်ချင်း အကြီးတစ်ယောက်နှယ် ပြောလာသူကြောင့် စံလင်းမှာ ငြိမ်နေရပြန်သည်။ မောင် ထိုသို့ ပြုမူတိုင်း စံလင်းစိတ်ထဲက ရှိန်သွားတတ်ပါ၏။ ဩဇာလွှမ်းမိုးနေသည့်မောင့်ကို သူမလွန်ဆန်နိုင်သလိုပင်။

"...."

"အတူစီးရအောင်လေနော်။ ကတိပေးတယ် လုံးဝ ပြုတ်မကျစေရဘူး။ သေချာ ထိန်းထားပေးမယ်။ မောင့်ကိုယုံ.."

"ဟို.. မောင့်ကို မယုံတာမဟုတ်ပါဘူး.."

"အင်း။ ဒါဆို ဘာလို့တုန်း..ပြောပါဦး"

"ငယ်ငယ်က.. ရေနစ်ဖူးတယ်။ အဲ့တာကြောင့်.."

"...."

"ဒါမယ့်.. ဒါမယ့် မောင့်ကိုယုံတာမို့..."

"ရပြီ။ အစ်ကို မစီးရဲရင် မစီးလည်းရတယ်။ ကျွန်တော်က အစ်ကို့ကို ပျော်စေချင်ရုံပါ။ ဒီလို ကြုံခဲ့ရမှန်းမသိခဲ့လို့။ အစ်ကိုပိုကြောက်သွားမယ်ဆို မစီးလည်းဖြစ်တယ်နော်"

"မောင်..ခေါ်သွားပေး.."

"သေချာရဲ့လား။ ကျွန်တော်က ပျော်စေချင်ရုံလို့ ပြောလိုက်တာမို့လို့ဆို မသွားလည်းရတယ်နော်။ ကျွန်တော်ကတော့ အစ်ကိုsafeဖြစ်ဖို့က အဓိက"

Us Two [Completed]Where stories live. Discover now